Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ကရင်နီပြည်နယ် နဲ့ ရှမ်းပြည်နယ်အစပ် မိုးဗြဲမှာ စစ်ကောင်စီတပ်အချင်းချင်း လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်ကြတဲ့အတွက် သေဆုံးထိခိုက်မှုတွေ ရှိတယ်လို့ မိုးဗြဲ PDF က သတင်းထုတ် ပြန် ထားပါတယ်။ -ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေမှာ ကျူးကျော်တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတွေကို ကော်သူးလေတပ်မတော် က စက်တင်ဘာလ ၂၀ ၊ ၂၁ ၊ ၂၂ ရက်နေ့ တွေမှာ ၃ ရက်အတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပြီး ၊ အဲ့ဒီလို တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီ ဘက်က ၅ ဦးသေဆုံးသွားသလို ၊ ၄ ဦး ဒဏ်ရာရသွားတယ်လို့ မူတြော်သတင်းစဉ်ကနေ သတင်းထုတ် ပြန်ထားပါတယ်။ -စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ် တွေကို ဒရုန်းနဲ့ ဗုံးကျဲတာ ၊ မိုင်းဆွဲတိုက်ခိုက်တာ အပါအဝင် ပုံစံမျိုးစုံနဲ့ တိုက်ခိုက်နေတဲ့သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။