ရန်ကုန်၊ စက်တင်ဘာ ၂၃
စစ်ကိုင်းတွင် ရွှေနွယ်သွေးလူထုသပိတ်စစ်ကြောင်း ရက်ပေါင်း(၅၀၃)ပြည့်နေ့တွင် “အညာရဲ့သွေး သွေးမအေး ရွှေနွယ်မြေရဲ့တော်လှန်ရေး” စာသားပါဘန်နာနှင့် “UN, Prove Your Existence for Justice” ကုလသမဂ္ဂ၊ တရားမျှတမှုအတွက် သင်၏တည်ရှိမှုကို သက်သေပြပါ စာသားပါဘန်နာတို့ကို ကိုင်စွဲကာ စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်မှောက်ကြသည်။