ရန်ကုန်၊ စက်တင်ဘာ ၂၃
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် လူ့အခွင့်ရေး တရားမျှတမှုရှိရေး ဥပဒေစိုးမိုးရေး ဒီမိုကရေစီပြန်လည်ထွန်းကားရေး အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများနှင့် အပြစ်မဲ့ပြည်သူများလွတ် မြောက်ရေး တို့အတွက် ချီတက်လာသော အဝေးရောက် ကမ္ဘောဒီးယားပြည်သူများနှင့် မြန်မာပြည်သူများတို့သည် ကုလသမဂ္ဂတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်ထားရှိရေးအတွက် ၊Credential Campaign ကို UN ရုံးချုပ်ရှေ့တွင်၊ ဆက်လက်၍ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲကို စက်တင်ဘာလ ၂၃ရက်နေ့တွင် အမေရိကန်စံတော်ချိန် ညနေ၄ နာရီမှ ညနေ ၅နာရီ ၃၀ မိနစ်အချိန်ထိ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်ရှေ့ရှိ Dag Hammarskjöld Plaza တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။