20 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ – အကြမ်းဖက်စစ်ခေါင်းဆောင် အာဏာလု မင်းအောင်လှိုင်က ပြည်ပ နိုင်ငံတွေကို လူငယ်တွေ ထွက်ခွာ နေတာ များပြားနေတဲ့အတွက် တင်းကျပ် ကြပ်မတ်ဖို့ နဲ့ ပြည်ပထွက်ခွာသွားတဲ့ အလုပ်သမားတွေကို လစာရဲ့ ရာခိုင်နှုန်း မည်မျှကို ပြည်တွင်း ပြန်လည်ပေးပို့ရမယ်ဆိုတဲ့ စာချုပ်ကို လက်မှတ်ရေး ထိုးခိုင်း ဖို့အတွက် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ – မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွ ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၆ ဦးသေသွားတယ်လို့ Defense Team ပခုက္ကူ အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ – ချင်းပြည်နယ်၊ မတူပီမြို့ နဲ့ ဟားခါးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းမှာ အကြမ်းဖက်စစ်ကောင် စီတပ် နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF မတူပီကြား စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၃ ဦးသေသွားတဲ့အပြင် အများအပြားဒဏ်ရာ ရသွားတယ်လို့ cdf မတူပီက သတင်းထုတ်ပြန်ထားပါတယ်။ – ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ) ရပ်ကွက် ၊ အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့သတင်းပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article