ရန်ကုန်၊ စက်တင်ဘာ ၂၄
ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ် ကြောင်း နှင့် ကျေးရွာ၂ရွာပူပေါင်းပြီး လေကြောင်းပါမှ စစ်တိုက်တတ်တာလား စာသားဖြင့် အာဏာရှင် အမြစ်ဖြတ်ရေး လူထုသပိတ်ကို ယနေ့ အင်အားကောင်းစွာထွက်ရှိကြသည်။
“အခုဆိုရင် စစ်ကောင်စီဟာ မြေပြင်သာမကဘဲ ဝေဟင်ကပါစစ်ကြောင်းထိုးမှုတွေပြုလုပ်နေပါတယ်။ ထိုအရာကိုကြည့်ချင်းအားဖြင့်စစ်ကောင်စီဟာ လုံးဝကြောက်ရွံ့လျက်ရှိပါတယ်။စစ်ကြောင်းထိုးဝင်ရောက်မှုတွေမှာ အပြစ်မဲ့ကလေးသူငယ်တွေပါမကျန် သတ်ဖြတ်နေပြီး ကျေးရွာအများအပြားကိုလည်း မီးရှို့ဖျက်ဆီးမှုတွေကို နေ့စဥ်နှင့်အမျှ ပြုလုပ်လျက်ရှိပါတယ်” ဟု သပိတ်ဦးဆောင်သူက ဟောပြောသည်။
Photos -AungKhantZaw