32 C
Yangon

ဗြိတိန်၊ လန်ဒန်ရှိ ဝန်ကြီးချုပ်အိမ်ရှေ့တွင် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးနှင့် NUG အစိုးရကို အသိအမှတ်ပြုရေး ဆန္ဒပြ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

ဗြိတိန်၊ လန်ဒန်ရှိ အမှတ် ၁၀ ဒေါင်းနင်းလမ်း၊ ဝန်ကြီး ချုပ်အိမ်ရှေ့တွင် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးနှင့် NUG အစိုးရကို အသိအမှတ်ပြုရေး ယနေ့ မွန်းလွဲ ၁ နာရီအချိန် ဆန္ဒပြကြသည်။

UKရောက်မြန်မာတိုင်းရင်းသားများစုပေါင်း၍ Londonမြို့ အမှတ် ၁၀ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်ရှေ့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ရေး ထောက်ခံဆန္ဒပြကြခြင်းဖြစ်ကြောင်း၊ ဆန္ဒပြပွဲတွင် UKနိုင်ငံခြားရေးဌာနသို့ မြန်မာပြည်သူများက ပေးပို့ထားသော တောင်းဆိုစာကိုဖတ်ကြားပြီး ပြည်သူ့အသံကို ကိုယ်စားပြုသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံပေးရန် ၊ NUG အစိုးရကိုအသိအမှတ်ပြုရန်၊ အကြမ်းဖက် စစ်ကောင်စီအား အသိအမှတ်မပြု ရှုံ့ချရန် ကြွေးကြော်သံများဖြင့် တောင်းဆိုကြသည်။

UK ဝန်ကြီးချုပ်နေအိမ်ရှိရာသို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြား ခရီးသွားဧည့်သည်များ အပြင် မြန်မာ့အရေး စိတ်ဝင်စားကြသော UK ပြည်သူများကလည်း စိတ်ဝင်တစား လာရောက်ဆွေးနွေးကြရာ သိလိုသည်များဖြေကြား၍ ပြန်လည်ဆွေးနွေးကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article