25 C
Yangon

စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော လက်ယက်ကုန်း ကလေးငယ်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဖဲကြိုးနက် ကမ်ပိန်း ရန်ကုန်တွင် ပြုလုပ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော လက်ယက်ကုန်း ကလေးငယ်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဖဲကြိုးနက် ကမ်ပိန်း ရန်ကုန်တွင် ပြုလုပ်ကြသည်။

စက်တင်ဘာ ၁၆ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က စစ်တိုင်းကိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ရှိ ဘုန်းတော်ကြီး ပညာသင်ကျောင်းအား ပစ်မှတ်ထား ဗုန်းကျဲတိုက်ခိုက်မှုကြောင့် မူလတန်းပညာသင် ကလေး ၁၁ ဦးသေဆုံးခဲ့ရသည်။

ထိုဖြစ်စဉ်အတွက် ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ်အဖြစ် ဖဲကြိုးနက်များ ချိတ် ဆွဲခြင်း ထိုကလေးငယ်များအတွက် လွမ်းဆွတ်ပူဆွေးခြင်း စာများချိတ်ဆွဲကာ မြန်မာ့စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကို လူငယ်များသမဂ္ဂ ဗဟိုက ဖော်ထုတ် ရှုတ်ချခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article