27 C
Yangon

တောင်ကိုရီးယားရှိ မြန်မာစစ်သံရုံးနှင့်အရပ်ဘက်သံရုံးကို မောင်းထုတ်ရေး၊ အပြစ်မဲ့ ကလေးငယ်များကို ရဟတ် ယာဉ်ဖြင့် စစ်တပ်က သတ်ဖြတ်မှု ရှုတ်ချကြောင်း ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

အပြစ်မဲ့ကလေးသူငယ်များအား အစုအပြုံလိုက် ပစ်ခတ်သတ်ဖြတ်သည့် အကြမ်းဖက် မြန်မာစစ်အုပ်စုကို ကန့်ကွက်ခြင်းနှင့် တောင်ကိုရီးယားရှိ မြန်မာစစ်သံရုံးနှင့်အရပ်ဘက်သံရုံးကို နှင်ထုတ်ရေး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က ဦးဆောင်ပြီး တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားများနှင့် ကိုရီးယားနိုင်ငံသားများ၊အရပ်ဘက်အဖွဲ့အစည်းများပူပေါင်းကာ ယနေ့ ဆန္ဒပြကြသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ဒေသခံများ ဖွင့်လှစ်ထားသော ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ကျောင်းကို မြန်မာစစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ပညာသင်ကြားနေသည့် ကလေးသူငယ် ၆ ဦး သေဆုံးခဲ့ပြီး၊ ကလေးသူငယ်အများအပြား အပြင်းအထန် ထိခိုက်ဒဏ်ရာ ရခဲ့သည်။

မြန်မာစစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်ပြီးနောက် ထိခိုက်ဒဏ်ရာ ရခဲ့ကြသည့် ကလေးသူငယ်များအပါအဝင် ကျောင်းတွင် ပိတ်မိနေသော ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ ၂၀ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

မြန်မာစစ်အုပ်စုက စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် လူမဆန်သည့်၊ ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး ထိုသို့ အပြစ်မဲ့ကလေးသူငယ်များအား အစုအပြုံလိုက် သတ်ဖြတ်ခဲ့သည့် မြန်မာစစ်အုပ်စုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည့် ဆန္ဒပြပွဲကို တောင်ကိုရီးယားဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းတက်ရောက်ပြီး စကစ စစ်သံရုံးအား နှင့် သံရုံးအားမောင်းထုတ်ရန် ပြောကြားကာ တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားများ ဆန္ဒပြကြသည်။

ယနေ့ နေ့လယ်၁၂နာရီမှ ၂နာရီအထိ စစ်သံရုံးရှေ့ဆန္ဒပြပွဲ၊ သတင်းစာရှင်းလင်းပွဲနှင့် ကွယ်လွန်သူများအတွက်
ဆုတောင်းမေတ္တာပို့သပွဲ ပြုလုပ်ပြီး နေ့လယ်၂နာရီမှ ၃နာရီအထိ မြန်မာသံရုံးရှေ့သို့ ချီတက်ခြင်း ၊ ညနေ၃နာရီမှ ၅နာရီအထိ မြန်မာသံရုံးရှေ့ဆန္ဒပြပွဲ၊ သတင်းစာရှင်းလင်းပွဲနှင့် ကွယ်လွန်သူများအတွက် ဆုတောင်းမေတ္တာပို့သပွဲပြုလုပ်ကြသည်။

ဆန္ဒပြပွဲတက်ရောက်လာသူများက အနက်ရောင်ဝတ်စုံဝတ်ဆင်ကာအနီရောင်ခေါင်းစည်းနှင့်အနီရောင်လက်မောင်းပတ်များဝတ်ဆင်ထားပြီး နှင်းဆီပန်းများ ကိုင်ဆောင်ဆန္ဒပြကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article