30 C
Yangon

သန်လျင်မြို့နယ်တစ်ခုလုံး ပိတ်ဆို့စစ်ဆေးခံရ၊ ပိတ်ဆို့ စစ်ဆေးမှုအပေါ် သတင်း အမျိုးမျိုးထွက်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တစ်ခုလုံးကို စစ်တပ်က ယနေ့ နံနက်ပိုင်းမှစ တင်ပြီး ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယနေ့ နံနက်ပိုင်းမှစတင်ပြီး သန်လျင်မြို့နယ်တစ်ခုလုံးကို ပိတ်ဆို့ စစ်ဆေးပြီး ရပ်ကွက်များတွင်လည်း နံနက်ပိုင်း ဧည့်စာရင်း ဝင်စစ်နေကြောင်း ဒေသခံများက ဆိုသည်။

“သန်လျင်မြို့ အောင်ချမ်းသာ ရပ်ကွက် ဗိုလ်ချုပ်ကျေးရွာဘက်မှာ စစ်ခွေးများက သန်းခေါင်စာရင်းအိမ်တိုင်းဝင်စစ်နေပါတယ်။ အောင်ချမ်းသာ ဘက်ကို အဝင် လက်ခံပြီး အထွက်ကို ဘယ်သူမှပေးမထွက်ဘဲ အစစ်ဆေးကြမ်းနေပါတယ်။ အောင်ချမ်းသာ အပိုင်း ၁ ၊ ၂ ၊ ၃ ဘက်အခြမ်းအားလုံးကို အထွက်ပိတ်ထားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်တပ်က ပိတ်ဆို့ စစ်ဆေးသည့်အကြောင်းအရင်းနှင့်ပတ်သက်၍ သတင်းအမျိုး မျိုး ထွက်ပေါ်လျက်ရှိပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

သန်လျင်မြို့ဒေသသတင်းရင်းမြစ် Thanlyin Channel က လူငယ် ထိန်းသိမ်းရေး သင်တန်းကျောင်းမှ လူငယ် ၁၄ ဦး လွတ်မြောက်သွားသည်ဟု သတင်းရရှိသကဲ့သို့ ရေတပ်မှ စစ်သား ၁၁ ဦး ထွက်ပြေးသွားသည်ဆိုသော သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ပိတ်ဆို့ စစ်ဆေးနေသည်ဟု သိရှိရကြောင်း ပြောဆိုသည်။

“ဒီနေ့မြို့တွင်းနေရာအချို့မှာ တင်းကြပ်ပိတ်ဆို့ပြီး ရှာဖွေနေကြတယ်… လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်းက လူငယ် ၁၄ ဦးက အစောင့်ကို သတ်ပြီးထွက်ပြေးကြတယ် လို့ကြားသိထားရသလို..ရေတပ်က တပ်သား ၁၁ယောက် မနေ့ညက ကင်းပုန်းသွားရမယ်ဆိုပြီး လက်နက်တွေနဲ့ပျောက်ဆုံးထွက်ပြေးတယ်လို့လည်း ကြားသိထားရပါတယ်..ကျနော်တို့အနေနဲ့ အတည်ပြုနိုင်ချင်းတော့မရှိသေးပါဘူး။ ပြည်သူတွေကတော့ အမြဲသတိထားသွားလာနေရတာပါပဲ..စစ်ခွေးတွေကမထင်ရင်မထင်သလိုလုပ်တတ်ကြတာ သန်လျင်သားတွေအနေနဲ့ သတိထားသွားလာနေကြတာတောင်အကျင့်တစ်ခုလိုဖြစ်နေပါပြီ..။ ပကဖ တပ်ဖွဲ့အနေနဲ့ကတော့ ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ကြေငြာချက်တွေကို အလေးဂရုပြုကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်” ဟု သန်လျင်ဒေသသတင်းရင်းမြစ် Thanlyin Channelက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်တစ်ခုကမူ ယမန်နေ့ အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင် ပစ်ခတ်ခံရပြီး သေဆုံးသွားမှု ဖြစ်စဉ်တွင် ပစ်ခတ်သူများသည် သန်လျင်ဘက်သို့ ထွက်ပြေးသည်ဆိုသော သတင်းများကြောင့် ပိတ်ဆို့ စစ်ဆေးနေသည်ဟု ပြောဆိုသည်။

ဓာတ်ပုံ- ယမန်နှစ် နိုဝင်ဘာလ သန်လျင်မြို့နယ်ရှိ မြ၀တီဘဏ်တွင် ဗုံးကွဲပြီးနောက် စစ်တပ်နှင့်ရဲက ပိတ်ဆို့ စစ်ဆေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article