28 C
Yangon

သူတို့ အသက်စွန့်၍ တော်လှန်ခဲ့သည်မှာ ၁ နှစ်ပြည့်ပြီ (သို့မဟုတ်) နွေဦးတော်လှန်ရေး အာဇာနည် ဒေါက်တာဇင်လင်း၊ သူနာပြု မခင်ခင်ကြွယ်၊ ကိုကျော်ကြီးနှင့် ကိုပစ်ကြီး ကျဆုံးမှု တစ်နှစ်ပြည့် အထိမ်းအမှတ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း တိုက်ခန်းလေးတစ်ခန်းကို စစ် တပ် က ဝင်ရောက်စီးနင်းမှုတွင် နွေဦးတော်လှန်ရေး သူရဲကောင်း အာဇာနည် ဒေါက်တာဇင်လင်း၊ သူနာပြု မခင်ခင်ကြွယ်၊ ကိုကျော်ကြီးနှင့်ကိုပစ်ကြီးတို့ ကျဆုံးခဲ့ရသည်မှာ ယနေ့ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

ယနေ့ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အောင်းမေ့သတိရ ဝမ်းနည်း လွမ်း ဆွတ်ခြင်းနှင့် မေတ္တာပို့ ပန်းစည်းချ အခမ်းအနားကို ရန်ကုန်တွင် ပြုလုပ်ကြသည်။

ထို့နေ့ ထိုအချိန်က ဖြစ်ရပ်များကို တော်လှန်ရေးရဲဘော်တချို့က ပြန်လည် ရေး သားဖော်ပြကြသည်။

” ၂၀၂၁၊ စက်တင်ဘာ ၂၅ ရက်နေ့က ကျနော်တို့လေးယောက် ဒီလိုတိုင်ပင်ဖြစ်ခဲ့ကြတယ်။ ရန်သူက ငါတို့ဆီ ရောက်လာခဲ့ ရင် ဘာလုပ်ကြမလဲ။ အားလုံးတညီတညွတ်တည်း ရန်သူ့လက်တော့ အကျမခံ၊ ခုခံရင်း အဆုံးထိ လျှောက်ကြ မယ်။ ည ၁ နာရီနဲ့ မိနစ် ၂၀ အထိ ကျနော်တို့ ရဲဘော်တွေနဲ့ Telegram, Signal တွေကနေ အဆက်အသွယ်ရနေတယ်။ ရဲဘော်တွေကို ကျနော်တို့လေးယောက် ဆုံးဖြတ်ထားတာ ပြောပြလိုက်ပြီ … ဒါပေမဲ့ ဘယ်သူ့ကိုမှ နုတ်ဆက် တယ်လို့မပြောဘူး၊ ကျနော်တို့ဟာ ရဲဘော်တွေအားလုံးနဲ့အတူ တော်လှန်ရေးအောင်ပွဲရတဲ့အထိ အဆုံးထိ ဆက်ရှိ နေမယ်ဆိုတာ ယုံကြည်လို့။ ဟော … ရန်သူတွေလာနေပြီ၊ ဝိုင်းနေပြီ …..၊ အားလုံးအသင့်။ ငါတို့ ငုံမခံ၊ ရန်သူ့လက်ထဲ အကျမခံ၊ အမိမခံ၊ ဖောက်ထွက်ကြမယ်။ ရန်သူ့ကျည်တွေက စပစ်နေပြီ၊ ကျနော်တို့လည်း ပြန်ပစ်ရင်း ပစ်ရင်း ပစ်ရင်း ဖောက်ထွက်ခဲ့ကြတယ် … ရဲဘော်တို့ရေ … ကျနော်တို့ အဆုံးထိ လျှောက်ခဲ့ကြပါပြီ” ဟု တော်လှန်ရေးရဲဘော်တချို့က ရေးသားထားသည်။

“၂၀၂၁ ခုနှစ် စက်တင်ဘာလလယ်မှာ ကျနော်တို့လုံခြုံရေးအခြေအနေ မကောင်းတော့ဘူးဆိုတာသိရပြီ။ ဒါပေမဲ့ ချက်ချင်းနေရာရွှေ့ဖို့က ထုတ်လုပ်ရေးပစ္စည်းတွေနဲ့ရုတ်တရက် ရွှေ့လို့မဖြစ်၊ တော်လှန်ရေးအလုပ်တွေကလည်း ဆက်တိုက်လုပ်နေရ။ မြေပြင်သပိတ်ဆိုင်ရာအလုပ်တွေကလည်း ရှိနေပြန်။ စစ်အာဏာရှင်တွေကို နာကျည်းပြီးရင်း နာကျည်းမှုတွေထဲ မြေပြင်သပိတ်တိုက်ပွဲမှာ တွေ့ကြုံခဲ့ရတဲ့ ရက်စက်မှု တွေက ဘယ်တော့မှ မပျောက်ပျက်တော့မယ့် သေရာပါ နာကျည်းမှုတွေ ဖြစ်ခဲ့ပြီ။ ရှေ့မှာကျဆုံးသွားတဲ့ သူရဲကောင်းအာဇာနည်တွေအတွက်၊ အဲဒီ့နာကျည်းချက်တွေနဲ့ပဲ တော်လှန်ရေးတာဝန်တွေကို ကျနော်တို့ တနင့် တပိုး ယူခဲ့မိတာ ဖြစ်ပါလိ့မ်မယ်” ဟု ရေးသားဖော်ပြထားသည်။

“ရဲဘော်တို့ …

ဒီနေ့ဟာ ရဲဘော်တို့ရဲ့ ပိုင်းဖြတ်စွန့်လွှတ် စွန့်စားခဲ့မှုဟာ ၁ နှစ်တာကာလ ပြည့်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ ရဲဘော်တို့ရဲ့ သူရဲကောင်းပီသစွာ စွန့်လွှတ်စွန့်စားမှုကို ငါတို့ ကျန်ရစ်သူ ရဲဘော်များအားလုံး ရင်ထဲ အသည်းထဲ နှလုံးသားထဲမှ ကမ္ဗည်းထိုး ဂုဏ်ပြု မှတ်တမ်းတင်လျက်ရှိပါတယ်။

ရဲဘော်တို့ရဲ့ ပိုင်းဖြတ်မှု နဲ့ စွန့်လွှတ်စွန့်စားမှုကို စံနမူနာယူပြီး နွေဦးတော် လှန်ရေး ရည်မှန်းချက်ပန်းတိုင် ရောက်တဲ့အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမှာဖြစ်ပါကြောင်း သစ္စာဓိဌာန်ပြုလိုက်ပါတယ်။ ရဲဘော်တို့ မြင့်မြတ်ရာ ဘုံဌာနမှာ ငြိမ်းချမ်းကြပါစေ။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် စစ်အာဏာရှင်တို့ကို ဒူးမထောက်၊ လက်မမြှောက်ဘဲ၊ ပြန်လည် ခုံခံရင်း သူရဲကောင်းများပီသစွာ အဆုံးထိလျှောက်ခဲ့ကြသည့် ကိုစတီဗင် ခေါ် ဒေါက်တာဇင်လင်း၊ သူနာပြုဆရာမ မခင်ခင်ကြွယ်၊ ကိုပစ်ကြီး၊ ကိုကျော်ကြီးတို့ကို ဦးညွှတ်အလေးပြုလျက် ….” ဟု ကျဆုံးမှု တစ်နှစ်ပြည့်အထိမ်းအမှတ် ရေးသားထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article