26 C
Yangon

လှိုင်မြို့နယ်၊ လျှပ်စစ်မီတာရုံး မကြာခဏ ဗုံးပစ်ခံရပြီးနောက် ဘူတာရုံလမ်းမှတ်တိုင် ကို စစ်ကောင်စီက ဖျက်သိမ်း၊ ဗုံးပစ်ခံရမှုကြောင့် ဒုတပ်ကြပ် စိုးရန်နိုင် ဒဏ်ရာပြင်းထန်ပြီး အသက်လုနေရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ လျှပ်စစ်မီတာရုံး မကြာခဏ ဗုံးပစ်ခံရပြီးနောက် ဘူတာရုံလမ်းမှတ်တိုင် ကို စစ်ကောင်စီက ယခုညတွင် စတင်ဖျက်သိမ်းလိုက်ကြောင်း လှိုင်မြို့နယ် ပြည်သူများထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် ရန်ကုန်-အင်းစိန် လမ်းမဘေး လှိုင်မြို့နယ် လျှပ်စစ်မီတာရုံးရှေ့ရှိ စစ်တပ်ဘန်ကာကို ဗုံးဖြင့် ပစ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊ ဗုံးပစ်ခံရ သဖြင့် ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)မှ ဒုတပ်ကြပ် စိုးရန်နိုင် ဝဲဘက်နားထင်ဗုံးစထိမှန်၊ ဒဏ်ရာနေရာစုံ (၁၂) ချက်ထိမှန်ခဲ့ပြီး တပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင်ကုသနေလျက်ရိုကြောင်း သိရှိရသည်။

“အင်းစိန်ဘက်ကို ပြန်တဲ့ ရန်ကုန်-အင်းစိန် လမ်းပေါ်က ဘူတာရုံလမ်းမှတ်တိုင်ကို ဒီညက စပြီး ဖျက်သိမ်းလိုက်တယ်။ အင်းစိန်ဘက်ပြန်ရင် သုခ နဲ့ဆင်ရေတွင်းမှတ်တိုင်ကစီးရမယ်။ ဘူတာရုံးလမ်းမှတ်တိုင် မရှိတော့ဘူးပေါ့။ အဲဒီစာ ဒီည လာကပ်သွားတာ။ ဗုံးပစ်တာနဲ့ မှတ်တိုင်ဖျက်သိမ်းတာနဲ့ဘာမှလဲမဆိုင်ဘူး။ တော်တော်သွေးပျက်နေကြပြီထင်တယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက လှိုင်မြို့နယ် မီတာရုံး ပတ်ဝန်းကျင် နေရာအများအပြားကို အကာအရံအတားအဆီးများ ချထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဘူတာရုံးလမ်းမှတ်တိုင် ဖျက်သိမ်းကြောင်း ကြေညာထားသည့် ဆိုင်းဘုတ်ကို ယခုည စစ်တပ်က ထောင်သွားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article