28 C
Yangon

ရေဖြူတွင် ထောက်လှမ်းရေးရဲတပ်သား စိုးမိုးအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ ထားဝယ်မြို့နယ်မှ ပကာရီရဲစခန်းကို ပစ်ခတ်တိုက်

Must read

ရန်ကုန် ၊ စက်တင်ဘာလ ၂၈

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် လမ်းပိုင်းတစ်နေရာတွင် ယမန် နေ့ညနေပိုင်းတွင် ထောက်လှမ်းရေးရဲတပ်သား စိုးမိုးအောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း၍ ပစ်ခတ်ရာ ရဲတပ်သား စိုးမိုးအောင် သေဆုံးသွားကြောင်း သိရှိရသည်။

စက်တင်ဘာ ၂၇ ရက်နေ့ ညနေ ၆ နာရီခွဲခန့်အချိန် ထောက်လှမ်းရေးရဲတပ် သား ကိုစိုးမိုးအောင်ကို ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DGRF နှင့် လောင်း လုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့LLPDF ၊T.PDFတို့ပူးပေါင်း၍ပစ်ခတ်ရာ သေ ဆုံးသွားကြောင်း၊ ရဲတပ်သား စိုးမိုးအောင်သည်ရေဖြူမြို့နယ်မှ ထောက် လှမ်းရေး ရဲတပ်သားတစ်ဦးဖြစ်၍လက်နက်အားကိုးနှင့်ပြည်သူ လူထုကိုဖိနှိပ်နိုင်ကျင့်နေသောကြောင့် ရှင်းလင်းရခြင်းကြောင်း‌ ဒေသကာကွယ်ရေးတပ်ဘက်က သတင်းထုတ်ပြန်သည်။

ထို့ပြင် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ပကာရီရဲစခန်း ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ပကာရီ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက လာရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က သေနတ်တွေ၊ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်ဘက်က စက်လက်တွေ၊ လက်နက်ကြီးတွေနဲ့ပြန်ပစ်တာ။ အချက်ရေတော်တော်များတယ်” လို့ ဒေသခံတစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ထောက်လှမ်းရေးရဲတပ်သား စိုးမိုးအောင်။

(ရန်ကုန်ခေတ်သစ်၏ မဟာမိတ် Dawei Information Center နှင့်The Tanintharyi Times ၏ သတင်းအချက်အလက်များ ရယူပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article