28.5 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: September, 2022

အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၂၇ အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် "စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု့တရားခံ စစ်ကောင်စီကို ကုလသမဂ္ဂနှင့် နိုင်ငံတကာက အရေးယူပေးကြရန် တောင်းဆိုအပ်ပါသည်" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး...

သံဃသမဂ္ဂ ဆရာတော်များ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၂၇ မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဘန်နာသပိတ်ပြုလုပ်

ရန်ကုန် ၊ စက်တင်ဘာ ၂၇ ရန်ကုန်မြို့တစ်နေရာတွင် လုံခြုံရေးတင်းကြပ်ပြီး ကင်းလှည့်နေသည့် လမ်းကြောင်းများကြားမှ တော်လှန်လူငယ် Demon မှ "ငါတို့ငြိမ်ချင်ငြိမ်မယ် ငါတို့လှုပ်ချင်လှုပ်မယ်ငါတို့မြို့ ငါတို့ပိုင်တယ်" စာသားပါ သပိတ်ဘန်နာ (Banner) ကို ချိတ်ဆွဲပြီး Strike ပြုလုပ်ခဲ့ပါသည်။

ချင်းပြည်နယ်၊ မတူပီတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးပြီး CDF ရဲဘော် ၂ ဦး ကျဆုံး၊ ကျောက်ကြီးတွင် မိုင်းခွဲခံရမှုကြောင့် စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၇ ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ယနေ့နံနက်က စစ်တပ်နှင့် CDF မတူပီကြားတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကြောင်း သတင်းရရှိသည်။ မတူပီ-ဟားခါးလမ်း၊ ခရိုင်အိုးအိမ်ဦးစီးဌာနအနီး ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိသလို CDF မတူပီ တပ်ရင်း...

အာဏာ သိမ်းရန် တွန်းအားပေးပြီး စစ်တပ် ထောက်ခံသော ကြံ့ဖွတ်ပါတီ၏ မိတ်ဖက် ဝံသာနုဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ နန်းရွှေကြာနှင့်သမီး ပိုင် ဖောင်းစိန် စားသောက်ကုန်လုပ်ငန်းကို သပိတ်မှောက်ကြရန် တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၂၇ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းရန် တွန်းအားပေးပြီး စစ်အာဏာသိမ်းမှုကို ထောက်ခံခဲ့သော ကြံ့ဖွတ်ပါတီ၏ မဟာမိတ် ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြာနှင့် သမီးနုဝေကျော် လုပ်ကိုင်နေသော ဖောင်းစိန်စားသောက် ကုန်လုပ်ငန်းကို သပိတ်မှောက်ကြရန် စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ကိုဇင်သော်နိုင်နှင့် CDM ကျောင်းဆရာမတချို့က တောင်းဆိုလိုက်ကြသည်။ ဝံသာနုဒီမိုကရက်တစ်ပါတီ...

ပေါက်မြို့နယ်၊ သရက်ကန်ရွာနှင့် မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာ တို့ကို စစ်တပ်က မီးတင်ရှို့နေ၊ ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ စက်တင်ဘာ ၂၇ မကွေးတိုင်း ပေါက်မြို့နယ် သရက်ကန်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း We Love Myaing အဖွဲ့ထံမှ သိရသည်။ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့...

စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှု တရားခံ စစ်ကောင်စီကို ကုလသမဂ္ဂနှင့်နိုင်ငံတကာက အရေးယူရန် NLD က တရားဝင် တောင်းဆို၊ ဖက်ဒရယ်ပြည် ထောင်စု ပေါ်ပေါက်ရေး အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ပေါက်ရေး ပြင်ဆင်နေ

ရန်ကုန်၊ စက်တင်ဘာ ၂၇ မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ထား‌ သော အကြမ်းဖက်စစ်ကောင်စီကို ကုလသမဂ္ဂနှင့်နိုင်ငံတကာက အရေးယူရန် NLD ပါတီက တရားဝင် ကြေညာတောင်းဆိုလိုက်သည်။ လူထု ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာ ကို စစ်တပ်က ၂၀၀၈ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ပြီး လုယူခဲ့ကြောင်း၊...
00:07:54

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ - အကြမ်းဖက် စစ်ကောင်စီဘက်က အစီရင်ခံစာနဲ့ကြေးနန်းတွေ ပေါက်ကြားမှုကို ထိန်းမနိုင်တော့တဲ့ အတွက်...

မြိုင်၊ Black God တပ်ဖွဲ့ လက်နက်တိုက် စခန်း တစ်ခု၌ မီးလောင်မှု ဖြစ်ပွားပြီး သိန်း ၆၀၀ ကျော် ပျက်စီး ဆုံးရှုံး

ရန်ကုန်၊ စက်တင်ဘာ ၂၇ မကွေးတိုင်း မြိုင်မြို့နယ် Black God ပြောက်ကျားတပ်ဖွဲ့၏ လက်နက်တိုက် စခန်းတစ်ခုတွင် စက်ဘာလ ၁၈ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိ လက်နက် ခဲယမ်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ လက်နက်တိုက် စခန်းသည် အကြမ်းဖက် စစ်တပ်အား...

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် ၅၆၅ ရက်မြောက်အဖြစ် စစ်အာဏာရှင် ချေမှုန်းရေး ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၇ စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ကြွေးကြော်ကာ စက်တင်ဘာလ ၂၇ ရက် ယနေ့တွင် ၅၆၅ ရက်မြောက်အဖြစ် ချီတက်ဆန္ဒပြကြသည်။

Latest news

- Advertisement -spot_img