37 C
Yangon

စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှု တရားခံ စစ်ကောင်စီကို ကုလသမဂ္ဂနှင့်နိုင်ငံတကာက အရေးယူရန် NLD က တရားဝင် တောင်းဆို၊ ဖက်ဒရယ်ပြည် ထောင်စု ပေါ်ပေါက်ရေး အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ပေါက်ရေး ပြင်ဆင်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ထား‌ သော အကြမ်းဖက်စစ်ကောင်စီကို ကုလသမဂ္ဂနှင့်နိုင်ငံတကာက အရေးယူရန် NLD ပါတီက တရားဝင် ကြေညာတောင်းဆိုလိုက်သည်။

လူထု ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာ ကို စစ်တပ်က ၂၀၀၈ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ပြီး လုယူခဲ့ကြောင်း၊ ပြည်သူများအပေါ် စစ်တပ်က စစ်ရာဇဝတ်မှုများ ကျူး လွန်လျက်ရှိကြောင်း၊ NLD ပါတီအနေဖြင့် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက် ရေးအတွင် အရေးကြီးဆုံး ပေါင်းကူးလုပ်ငန်းစဉ်ဖြစ်သည့် အသွင် ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥ့ဒေတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ပြင်ဆင်လျက်ရှိကြောင်း ကြေညာသည်။

စစ်ကြောရေးတွင် ပြည်သူများကို ညှဉ်းပန်းသတ်ဖြတ်နှိပ်စက်မှုများ လုပ် ဆောင် ပြီး ၊ စာသင် ခန်းအတွင်းမှ မူလတန်းအရွယ် ကလေးသူငယ်များအပါ အဝင် လူထုအပေါ် စစ်ရာဇဝတ်မှုများ လူမျိုးတုန်းသတ်ဖြတ်မှုများစွာ ပေါ်ပေါ်ထင်ထင်ကျူးလွန်လျက်ရှိသည့် စစ်ကောင်စီကို ကုလသမဂ္ဂနှင့်နိုင်ငံတကာက လက်တွေ့ကျပြီး ထိရောက်သော နည်းလမ်းများဖြင့် အရေးယူရန် NLD က တရားဝင်တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article