31.8 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: October, 2022

မြောက်ဥက္ကလာပ ဋ ရပ်ကွက်ရှိ စစ်တပ်သတင်းပေးအိမ်ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ၊ ရွှေပြည်သာတွင် မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိပြီး သာကေတတွင် ပစ်ခတ်သံများ ထွက်ပေါ်

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရန်ကုန်တိုင်း။ မြောက်ဥက္ကလာပမြို့နယ် ဋ ရပ်ကွက်ရှိ စစ်တပ်သတင်းပေးနေအိမ်ကို ယနေ့ညပိုင်းတွင် အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၁ က သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၃၁ ရက်နေ့ ည ၇ နာရီ ၅ မိနစ်အချိန်တွင် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ပြီး...

သရက်ချောင်းတွင် လူငယ်များ ဦးဆောင်ကာ Hollowen ပုံစံဖြင့် တော်လှန်ရေး၌ ကျဆုံးခဲ့သူများအတွက် ဂုဏ်ပြုဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၃၁ သရက်ချောင်းတွင် တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် Hollowen ပုံစံဖြင့် တော်လှန်ရေး၌ ကျဆုံးခဲ့သူများအတွက် ဂုဏ်ပြုဆန္ဒပြခဲ့ကြောင်း သိရသည်။ "အာဇာနည်သူရဲကောင်းများနှင့်နွေဦးတော်လှန်ရေးအတွင်းမြင့်မြတ်စွာအသက်ပေးသူများကို အောက်မေ့ရန်ရည်စူးပြရည်ရွယ် ဆန္ဒထုတ်ဖော်တာ" ဟု ဆန္ဒပြပွဲတွင်ပါဝင်သည့် လူငယ် တစ်ဦးကပြောဆိုသည်။

တန့်ဆည်PDF နှင့် စစ်ကောင်စီတပ် ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်းသေဆုံး၊ ဘုတ်ပြင်းတွင်လည်း စစ်ကားတန်းမိုင်းဆွဲခံရပြီး စစ်တပ်ဘက်မှ သေဆုံးမှုများရှိ

ရန်ကုန်၊ အောက်တိုဘာ ၃၁ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့တွင် စစ်တပ်နှင့် တန့်ဆည်PDFတို့ နှစ်ရက်အတွင်း တိုက်ပွဲ ၃ကြိမ် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင် စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ များပြားခဲ့ကြောင်း တန့် ဆည်PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။ တန့်ဆည်မြို့နယ်၊ မဟာမြိုင်တောစပ်ရှိ ဂရိတ်ရွာအနီးသို့...

ကညွတ်ကွင်းရဲစခန်း အနီး ဗုံးပေါက် ရဲ ၃ ဦး ဒဏ်ရာရ၊ ကလေးမြို့နယ်တွင် မိုင်းမိပြီး စစ်အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၁ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ ရဲစခန်းအနီး ယနေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ကညွတ်ကွင်းမြို့ ရဲစခန်း...

“ရဲဘော် တစ်ဦး အဖမ်းခံလိုက်ရတိုင်း ငါတို့တော်လှန်ရေး အပေါ် ယုံကြည်ချက်ပို ခိုင်မြဲရမယ်” ခေါင်းစဥ်ဖြင့် သမဂ္ဂ ဆရာတော်များ ညသပိတ် ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၃၁ သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် "ကိုယ့်ရဲဘော်တစ်ယောက် အဖမ်းခံလိုက်ရတိုင်း ငါတို့က တော်လှန်ရေးအပေါ် ယုံကြည်ချက်တွေ ပိုပြီး ခိုင်မာစေကြရမယ်" စာတန်း ကိုင်ဆောင်ကာ ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၃၁ ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကံပေါက်၊ မောရဝတီ ရေတပ်ဌာနချုပ်မှ တပ်သား ၅ ဦး လက်နက်နှင့်အတူ ထွက်ပြေးသဖြင့် စစ်တပ်က တောနင်းရှာဖွေနေ

ရန်ကုန်၊ အောက်တိုဘာ ၃၁ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကံပေါက်ဒေသရှိ စစ်ကောင်စီ၏ မောရဝတီ ရေတပ်ဌာနချုပ်မှ တပ်သားအဆင့် ၅ ဦးသည် လက်နက်နှင့်အတူတကွ ထွက်ပြေးသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ အပူတပြင်း လိုက်လံ ရှာဖွေနေကြောင်း သတင်းရရှိသည်။ "ထွက်ပြေးတာ သေချာပါတယ်၊ စစ်သားတွေ ကံပေါက်ဒေသမှာ ကင်း တောက် လျှောက်ပတ်ပါတယ်၊...

ချင်းတွင်းမြစ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၃၁ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ Photos -AungKhantZaw

လောင်းလုံးတွင် ”အမှောင်ခေတ်ကနေ ရုန်းထွက် ညီညွတ်အားနဲ့ ချီတက်” စာတန်း ကိုင်ဆောင်ကာ ကျောင်းလူငယ်များ ချီတက် ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၃၁ လောင်းလုံးမြို့နယ်တွင် အခြေခံပညာ ကျောင်းသားများသပိတ် ကော်မတီ (လောင်းလုံးမြို့နယ်)မှ ဦးဆောင်ကာ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ''အမှောင်ခေတ်ကနေ ရုန်းထွက် ညီညွတ်အားနဲ့ ချီတက်'' စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ်တွင် ကျောင်းသား ပြည်သူများ ပူးပေါင်းကာ အကြမ်းဖက် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၃၁ မြိုင်မြို့နယ်တွင် ကျောင်းသား ပြည်သူများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ အဆိုပါ ဆန္ဒပြပွဲကို ဗကသ ရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ် ကဗျာဆရာများ သမဂ္ဂ(ဗလကသ)၊ မြိုင်မြို့နယ်...

Latest news

- Advertisement -spot_img