26 C
Yangon

မုံရွာတွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် သပိတ် မှောက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် မုံရွာလူငယ်များစည်းရုံး၊ မုံရွာအခြေခံပညာကျောင်းသားများသမဂ္ဂနှင့်မုံရွာတော်လှန်လူငယ်များကွန်ယက်တို့ပူးပေါင်းပြီး မုံရွာမြို့တနေရာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြကြသည်။

မြန်မာနိုင်ငံ တစ်ဝန်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်မှု့ကြောင့်သေဆုံးခဲ့ရသည့် ကလေးသူငယ်များနှင့်ပြည်သူအများအသက်ဆုံးရှုံးခဲ့ရမှု့အပေါ် နိုင်ငံတကာ အနေဖြင့် ဒီတိုင်းကြည့်မနေသင့်ကြောင့် မြန်မာ့လူမျိူးများခံစားနေရသည့်အကြမ်းဖက်စစ်ကောင်စီ၏ မတရားအနိုင်ကျင့်ဖိနှိပ်မှုအပေါ် ထိထိရောက်ရောက်အရေးယူပေးပါရန် မုံရွာသပိတ်လူငယ်များက တောင်းဆိုသည်။

စက်တင်ဘာလ ၁၆ရက်နေ့ ၊ ဒီပဲယင်း မြို့နယ် ၊လက်ယက်ကုန်းကျေးရွာ ဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ကလေးသူငယ်များ အသက်ဆုံးရှုံးမှုအပေါ် နိုင်ငံတကာအနေဖြင့် တရားမျှတအောင် ဆောင်ရွက်စေလိုကြောင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့်တစ်ခြား သော တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အကြမ်းဖက်စစ်ကောင်သည် ပြည်သူတို့၏ အိုးအိမ်စည်းစိမ်ကိုမီးရှို့ဖျက်ဆီးလျက်ရှိပြီး လူ့အခွင့်အရေးချိုးဖောက်နေသည့်အပေါ် စိတ်မကောင်း ဖြစ်မိကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article