32 C
Yangon

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဈေးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင်‌ သေဆုံးသူ ၁၇ ဦးထိရှိလာ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဈေးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင်‌ သေဆုံးသူ ၁၇ ဦးထိရှိလာကြောင်း AA ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ ဈေးတန်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ဈေးရောင်း ဈေးဝယ်နေကြသည့် ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ကလေးငယ်များ အပါအဝင် သေဆုံးသူ ၁၇ ဦးထိရှိလာပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ၁၄ ဦးထိရှိကြောင်း၊ ထို့ပြင် လူနေအိမ်နှင့် ဈေးဆိုင်ခန်းတချို့မှာလည်း မီးလောင် ပျက်စီးခဲ့ကာ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု အသေးစိတ်ကို ထပ်မံ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း AA က ပြောဆိုထားသည်။

“ဒီနေ့ မွန်းလွဲပိုင်းမှာ အကြမ်းဖက် စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူ​ကျေးရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကျဲချ တိုက်ခိုက်သွားတာ အဲတာ ယိုးငူရွာဈေးတန်းကို ကျရောက်ပေါက်ကွဲပြီး ကလေးတွေ အပါအဝင် ပြည်သူတွေ ထိခိုက်သေဆုံးမှုများပြားခဲ့တယ်” ဟု စာရေးဆရာဝေဟင်အောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article