ရန်ကုန်၊ အောက်တိုဘာ ၂
ရန်ကုန်တွင် ဗကသများ အဖွဲ့ချုပ်ဝင် ကျောင်းသား သမဂ္ဂများနှင့် မဟာမိတ်များ ပူးပေါင်းကာ “ဗမာပြည်သစ် အတွက် တိုက်ပွဲဝင်ကြ ပြည်သူ့အာဏာ တည်ဆောက်ကြ” စာတန်း ကိုင်ဆောင်ကာ ယနေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို သာကေတမြို့နယ် ကျောင်းသား သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၁ သာကေတ ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၂ သာကေတ ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၃ သာကေတ ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၄ သာကေတ ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ စမ်းချောင်းမြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၁ လာသာ ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက၂ တောင်ဒဂုံ ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက ၂ ဗဟန်း အခြေခံကျောင်းသားများသမဂ္ဂ၊ ဂဠုန်နီပြည်သူ့အကျိုးပြုလူငယ်အဖွဲ့စည်း (RGY)၊ ရန်ကုန်ရဲ့ သူပုန်များသပိတ်ကော်မတီ (YRSC)၊ Falcon Revolutionaries Team (FRT) တို့ ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။