35 C
Yangon

ကြာအင်းဆိပ်ကြီးတွင် ဒရုန်းဖြင့် ဗုံးကျဲမှု နှင့်တိုက်ပွဲများဖြစ်ပွားမှုကြောင့် ခမရ ၄၃၂ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း ဒဏ်ရာရ၊ ဗိုလ်ကြီး တစ်ဦးနှင့် တပ်သား တစ်ဦးလည်း သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စက်တင်ဘာလ ၃၀ ရက်နေ့ ဒရုန်းဖြင့် ဗုံးကျဲမှုနှင့် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ခမရ ၄၃၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးကိုကိုဝင်း ဒဏ် ရာရရှိသဖြင့် စစ်ဆေးရုံတွင် တက်ရောက်ကုသနေရပြီး ဗိုလ်ကြီးတစ်ဦးနှင့် တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ ကြာအင်းဆိပ်ကြီးအဝင် ဖြစ်ပွားသော တိုက်ပွဲတွင် ဘုတ်ပြင်းမြို့နယ် ခမရ ၄၃၂ မှ ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်းသည် လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိပြီး အဆိုပါတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး သေ ဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ထိတွေ့တိုက်ပွဲ နေ့တိုင်းနီးပါးဖြစ်ပွားလျက်ရှိကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်အခြေပြု နဂါးနီစစ်ကြောင်းမှ သတင်းပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သို့ ပြော သည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်နေသော Federal Wings အဖွဲ့က ယမန်နေ့ညပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်တပ် တပ်ရင်းများသို့ ဒရုန်းဖြင့် ဗုံးကျဲခဲ့ကြောင်း သိရှိရသည်။

“မနေ့ည ၁၁ နာရီခွဲမှာ ခလရ ၂၈၄ ထဲက ခမရ ၅၅၆ တပ် အနားယူနေတဲ့ တပ် ရင်းအဆောင်ကို ၈၁ မမ တစ်လုံး၊ ၆၀ မမ တစ်လုံးကျဲတယ်။ ထိခိုက်မှုအသေး စိတ်ကိုတော့ အတည်ပြုချက် ယူနေတုန်းပါ” ဟု Federal Wings အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

KNU တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အဇင်းနယ်မြေစစ်ကောင်စီစခန်းနှင့် ဘုရားတောင်စခန်းတို့ကို KNLA ပူးပေါင်းတပ်က စက်တင် ဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အကြမ်း ဖက်စစ်တပ်က နယ်မြေအတွင်းသို့ စစ်ကြောင်းများအင်းအားတိုးချဲ့ ထိုးလာကြောင်းလည်း ဒေသခံတော်လှန်ရေးအဖွဲ့များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article