32 C
Yangon

စစ်ကောင်စီကို ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်မည်ဖြစ်ပြီး အဆုံးသတ်တိုက်ပွဲကာလကို ၁ နှစ်သတ်မှတ်ထားဟု NUGက တရားဝင်ကြေညာ

Must read

ရန်ကုန်၊အောက်တိုဘာ ၇

စစ်အာဏာရှင်ဖြုတ်ချရေး အဆုံးသတ်တိုက်ပွဲဆင်နွှဲမည့် ကာလကိုတစ်နှစ်သတ်မှတ်ပြီး ဘက်ပေါင်းစုမှ ထိုးစစ်ဆင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ညပိုင်း၌ ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် တရားဝင် ကြေညာသည်။

တော်လှန်ရေးအင်အားစုများ၏ မဟာဗျူဟာမြောက် ပေါင်းစည်းမှု အစွမ်းဖြင့် အဆုံးသတ်တိုက်ပွဲ ဆင်နွှဲရန်လည်း သံဓိဌာန်ချထားပြီးဖြစ်ကြောင်း နိုင်ငံရေးထွက်ပေါက်နှင့် စစ်ရေးအသက်ရှုပေါက်ကို ရှာဖွေနေသည့် အကြမ်းဖက် စစ်ကောင်စီကို အချိန်ပေး၍ မရတော့သည့် အခြေအနေဖြစ်ခြင်းကြောင့် အမျိုး သားညီညွတ်ရေးအစိုးရဖြင့် မဟာ မိတ်များ နှင့်ပူးပေါင်းကာ ကဏ္ဍ စစ်မျက် နှာခြောက်ခု ဖွင့်ပြီး အရှိန်မြှင့် ထိုးစစ်ဆင်နိုင်ရေးကို တစ်နှစ် စီမံချက် ညှိနှိုင်းရေးဆွဲနေပြီဖြစ်ကြောင်း NUG သတင်းစာရှင်းလင်းပွဲ တာဝန်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။

လိုအပ်သည့် အခြေခံအုတ်မြစ်ကို ဖြည့်ဆည်းတည်ဆောက်ခဲ့ပြီးပြီဖြစ်၍ လာမည့်ကာလတွင် တော်လှန်ရေးကို အဆုံးအဖြတ်ပေးမည့် နှစ်အဖြစ်ခံယူကြောင်း ဦးနေဘုန်းလတ်က ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာမြောက်ဆောင်ရွက်ချက်များကို အကောင် အထည်ဖော် လုပ်ဆောင်နိုင်ရန် အရေးကြီးဆုံးအင်အားသည် ပြည်သူ လူထုသာဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းကြောင့် အခက်အခဲဆုံးကာလကို ရင်ဆိုင်ရမည်ဖြစ်ပြီး အားလုံးညီညွတ်စွာ ဝိုင်းဝန်းကြိုးစားပါက ထင်သာမြင် သာသည့် အပြောင်းအလဲများ ပန်းတိုင်များကို လာမည့်နှစ်တွင် မြင်တွေ့ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဓာတ်ပုံ- NUG ယာယီသမ္မတက တပ်များကို စစ်ဆေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article