31 C
Yangon

ဘုတလင် ၊ ဒါန်းတိုင်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းမှုကြောင့် အဘွားအိုတစ်ဦး သေဆုံးပြီး ကယ်ဆယ်ရေးရဲဘော် ၂ ဦးကျဆုံး၊ ချောင်းဦး ဆင်မြေရွာကို စစ်တပ်က မီးရှို့နေပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဒါန်းတိုင်ကျေးရွာကို စစ်တပ်က ယနေ့ နံနက်အစောပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းသဖြင့် အဘွား အို ၁ ဦး သေဆုံးပြီး ပြည်သူများကို ကယ်ဆယ်ရေး ရွှေ့ပြောင်းနေသော ရဲဘော် ၂ ဦးကျဆုံးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီအချိန် ဘုတလင်မြို့နယ်၊ ဒါန်းတိုင်ရွာကို စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ပြီးဝင်ရောက်စီးနင်းကြောင်း၊ အင် အား ၈၀ ပါ စစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ရုတ်တရက် ဒေသခံပြည်သူများ ရုတ်ရုတ်သဲသဲ ထွက်ပြေးကြရကြောင်း၊ ပိတ်မိသူများလည်း အများအပြားရှိပြီး သက်ကြီးရွယ်အိုများကို ပြောင်းရွှေ့ရန် ကယ်ဆယ်ရေးရဲဘော်များက ဆောင်ရွက်ကြကြောင်း သိရှိရသည်

“မနက်အစောကြီး ရုတ်တရက်ကြီး ဝင်လာတာဆို့တော့ ရွာမှာ ပိတ်မိနေသူတွေလည်းရှိခဲ့တယ်။အဲဒီလိုပိတ်နေတဲ့သူတွေကို ပြည်သူကာကွယ်ရေးအဖွဲ့တွေက ကယ်ထုတ်ပေးတာတွေရှိခဲ့တယ် ။ အဲဒီလိုရွာသားတွေ ကယ်ထုတ်ပေးရင်း ပြည်သုကာကွယ်ရေးအဖွဲ့ဘက်က ၂ ဦး ကျဆုံးပြီး ၄ ဦးဒဏ်ရာရတယ်။ ၃ ဦးကို စစ်တပ်က ဖမ်းဆီးသွားတယ်” ဟု ဒေသခံများက ပြောသည်။

စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်သံကြောင့် အသက် ၇၀ ကျော် အဘွားတစ်ဦး လန့်၍ အသက်သေဆုံးခဲ့ရပြီး ရွာအတွင်းရှိ မပြေးနိုင်သော အဘိုး ၊ အဘွားများကို ကယ်ထုတ်ပေးသော ကျေးရွာကာကွယ်ရေး ရဲဘော် ၂ ဦးလည်း ကျည်ထိကျဆုံးကြောင်း ၊ ဒဏ်ရာရ ရဲဘော် ၁ ဦးမှာ ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၁၅ ရက်နေ့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မှန်ချို ရွာ၊ ဆင်မြေရွာ၊ မထိသာရွာများကို စစ်တပ်က ရွာစဉ် အလိုက်မီးရှို့နေကြော င်း ၊ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဆင်မြေရွာမှ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ထားကြောင်း၊ ဒဏ်ရာမှာ အသက်အန္တ ရာယ်စိုးရိမ်ရကြောင်း ၊ မှန်ချိုlဆင်မြေ lမထိသာမှ ပြည်သူများအားလုံး ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

အကြမ်းဖက် စစ်တပ်သည် မှန်ချိုကို အောက်တိုဘာလ ၁၄ ရက်နေ့က စတင်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဆင်မြေရွာ၊ မထိသာရွာများကို ဆက်လက် စီးနင်းခဲ့ပြီး မထိသာရွာကို ဆက်လက်မီးရှို့ဖျက်ဆီးခဲ့ပြီး ဆင်​မြေရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ် ခဲ့သောကြောင့် အမျိုးသမီး တစ်ဦး လက်နက်ကြီးထိမှန်ကာ ဒဏ်ရာ အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

” ချောင်းဦးမှာရှိတဲ့ မှန်ချို ရွာ၊ ဆင်မြေရွာ၊ မထိသာရွာတွေကို စစ်တပ်က ရွာစဥ်လိုက် မီးရှို့နေပါတယ်။ လက်နက်ကြီး တွေနဲ့လည်း ရမ်းပစ်လို့ ဆင်မြေရွာက အမျိုးသမီး တစ်ယောက်ကို ထိမှန်တယ်။ ဒဏ်ရာ အခြေအနေ စိုးရိမ်ရတယ်။ မှန်ချိုရွာကို စစ်ခွေးတွေက အောက်တိုဘာ ၁၄ ရက်နေ့ နံနက်ထဲက စဝင်ပြီး မနေ့က ညနေပိုင်းနဲ့ အခုနံနက်ပိုင်း မှန်ချိုရွာကို မီးရှို့ခဲ့တယ်။ မှန်ချိုရွာကို ရှို့ပြီး တောင်ဘက် ဆင်မြေရွာကို စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ ပစ်ပါတယ်။ ဖမ်းခံရတဲ့ စစ်ဘေးရှောင်တချို့ရှိတယ်။ သူတို့က ရွာဘေး ကပ်ရှောင်တော့ စစ်ခွေးတွေ တောနင်းရှာတဲ့အချိန် စိုက်ခင်းတွေထဲမှာမိတာ မထိသာရွာမှာပါ။ အခု စစ်ခွေးတွေက စစ်ကြောင်း ၃ ကြောင်းခွဲထားတယ်။ ရွာတွေထဲကို ပြည်သူတွေလည်း ပြန်မဝင်ရဲသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- ဘုတလင်မြို့နယ်၊ ဒါန်းတိုင်ရွာမှ ရဲဘော် ၂ ဦး သေဆုံးမှုနှင့်ဒဏ်ရာရရှိမှုမြင်ကွင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article