29.6 C
Yangon

ခင်ဦးတွင် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံးကြောင်း KSO တပ်ဖွဲ့ထံမှ သိရသည်။

ရေဦးမြို့မှ သံချပ်ကာ ကား၁စီးဖြင့် မူးတိမ်ချောင်း တံတားဝပ်ကျင်းရှိ စစ်သားနှင့် ပျူစောထီးများထံ ရိက္ခာ ပို့ဆောင်ရန် လမ်းပိုင်းလုံခြုံရေး လုပ်ဆောင်နေသော စစ်သားနှင့် ပျူစောထီးများ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရိက္ခာပို့ဆောင်သည့် ကားများအတွက် အင်းပတ်ကွေ့-သရက်ပင်စု-မြင်းဒေါင်း လမ်းပိုင်းတစ်လျှောက် လုံခြုံရေး ဆောင်ရွက်ရန် ရွာသစ်ကုန်းရွာမှ စစ်သားနှင့် ပျူစောထီးများ နှင့် မူးတိမ်ချောင်း တံတားဝပ်ကျင်းမှ စစ်သားနှင့် ပျူစောထီး အင်အား ၇၀ ခန့်ရှိ စစ်ကြောင်းကို KhinU Special force Organization (KSO) တပ်ဖွဲ့၊ ခင်ဦး မြို့နယ်ပကဖနှင့် ဒေါင်းစစ်သည် LDF အဖွဲ့တို့မှ မိုင်း၃လုံးတွဲ ပူးတွဲဖြင့် ဖောက်ခွဲခဲ့ပြီး မဟာမိတ် LDF များမှ Drone ဖြင့် တိုက်ခိုက်ခြင်း၊၂ ဆင့်ကွဲများဖြင့် တိုက်ခိုက်ခြင်းကြောင့် စစ်သားနှင့် ပျူစောထီး ၈ ဦးသေဆုံးခဲ့ကြောင်း KSO တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article