ရန်ကုန်၊ အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုက ဦးဆောင်ပြီး ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့ နံနက်ပိုင်း ကနီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် “စစ်ခွေးထွက်ပေါက်များ ပြည်သူ့အားနဲ့ ပိတ်ဆို့ကြ ၊ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်စစ်ကြောင်း” ဘန်နာကိုင်ဆောင်၍ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေးသပိတ်ပြုလုပ်ကြောင်း သိရှိရသည်။