28 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ၂၂ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – မြန်မာနိုင်ငံကို ကမ္ဘာ့ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုဘဏ္ဍာရေးဆိုင်ရာ စောင့် ကြည့်ရေးအဖွဲ့FATF က အမည်ပျက် နိုင်ငံအဖြစ်/ကြေညာပြီးတဲ့နောက် ပြည်တွင်းငွေလဲနှုန်းနဲ့ ငွေလွှဲ စျေးကွက်တွေအားလုံး ဂယောက်ဂယက် ဖြစ်နေပြီး ၊ စျေးကွက်ဖွင့်ဖို့ မလွယ်ကူဘူးလို့လည်း စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုပါတယ်။ -ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ စစ်ကောင်စီခန့် ရာအိမ်မှူးတင်မောင်ဝင်း နဲ့ ဇနီးဟာ ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ မနက် ၈ နာရီကျော်လောက်မှာ ပစ်ခတ် ရှင်းလင်းခံရပြီး သေဆုံးသွား တယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ – ဧရာ၀တီတိုင်း၊ ဟင်္သာတ မြို့ထဲမှာ အောက်တိုဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ ပြီးနောက် ၊ အဲ့ဒီ့ ယင်းဗုံးပေါက်ကွဲမှုအတွင်း ဒဏ်ရာ အပြင်း အထန်ရရှိတဲ့ ယာဉ်ထိန်းရဲ တပ်ကြပ် စိုးမင်းသန်း ဟာ အောက်တိုဘာ ၂၁ ရက်နေ့မှာ သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်း တွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article