ရန်ကုန်၊ အောက်တိုဘာ ၂၃
နတ်မောက်မြို့နယ်တွင် အဝေးသင်တက္ကသိုလ်စားမေးပွဲဖြေရန် ခွင့်ပြန်လာသည့် စစ်သားမျိုးသန့် အောက်တိုဘာလ ၂၂ ရက်နေ့ ညပိုင်း ဓားဖြင့်ထိုးခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ည ၉ နာရီအချိန် မကွေးတိုင်း၊ နတ်မောက်မြို့နယ် အနောက်မယ်ဇလီပင်ရွာသား စစ်သား မျိုးသန့်ကို နတ်မောက်မြို့ပြငါးပြေမအဖွဲ့မှ PDF ရဲမေက သေနတ်မရှိ၍ ဓားဖြင့်ထိုးခြင်းဖြစ်ကြောင်း၊ စစ်သားမျိူးသန့်သည် ပဲခူး တိုင်းဒေသကြီး ပြည်မြို့အခြေစိုက် အမှတ်(၇)ကာကွယ် ရေး ပစ္စည်းစက်ရုံမှဖြစ်ပြီး မကွေးတက္ကသိုလ်ကို အဝေးသင်တန်း တက်ရန်ပြန် လာစဉ် ဓားဖြင့်ထိုးခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။
“နတ်မောက်နယ်မှာ ပြည်သူတွေကို အမြဲစိန်ခေါ်နေတာကြောင့် နမူနာအနေနဲ့ အခုလိုလုပ်ပြလိုက်တာ။ နတ်မောက်နယ်က ကျေးရွာအတော်များများကို စစ်ကောင်စီကဖိနှိပ် နှိပ်စက်နေပြီး လူသတ် ပစ္စည်းလု ပစ္စည်းခိုး မီးရှို့ဓားပြတိုက်လုပ်ရပ်တွေကို အခုရက်ပိုင်းမှာ ဖက်တောရေ ကျေးရွာနဲ့ သပွတ်ပင်ရွာတို့မှာ ပြုလုပ်နေပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက အပြစ်မဲ့ပြည်သူ ကိုအောင်ကျော်ကျော်ကိုလည်း စစ်ကောင်စီကသတ်ဖြတ်ခဲ့လို့ နတ်မောက်သူတစ်ယောက်အနေနဲ့ သူ့အတွက် အကြွေးတောင်းရင်း စစ်ကောင်စီစစ်သားမျိူးသန့်ကိုရှင်းလိုက်တာ” ဟု ငါးပြေမမြို့ပြပျောက်ကြားတပ်ဖွဲ့မှရဲမေကပြောဆိုသည်။
ဓာတ်ပုံ-ဓားဖြင့် အထိုးခံရပြီး သေဆုံးသွားသော စစ်ကောင်စီတပ်သား မျိုးသန့်။