31 C
Yangon

ထားဝယ်နှင့် လောင်းလုံးတွင် ပြည်သူ ၁၃ ဦးကို စစ်တပ်က ဖမ်းဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် လောင်းလုံးမြို့တို့တွင် ၂ ရက်တာ အတွင်း ပြည်သူ ၁၃ ဦး အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ ကမ်းနားစျေးဘက်ရှိ ယဥ်ကျေးမှု ပြတိုက်အနီးတွင် ငါးဒိုင်ပိုင်ရှင် ဦးနိုင် ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

အောက်တိုလာလ ၂၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် လောင်လုံးမြို့၌ နေထိုင်သော ကိုမင်းသူ၊ ဦးမျိုးသိန်း၊ ဦးတင်သောင်း၊ ကိုဖိုးသောကြာ၊ ဦးစိမ်း၊ မစန်းမူ၊ ဒေါ်အေးမူ၊ မမာအေး၊ မငြိမ်းငြိမ်း တို့ ၉ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်ကလည်း လောင်းလုံးမြို့နယ်၊ အောက်ရေဖြူရွာမှ ဦးညဏ်ဝင်း၊ ဒေါ်မြင့်ဌေးတို့ ၂ ဦးနှင့် ဂေါ့အင်းရွာမှ အသက် ၅၀ ကျော်အရွယ် ဦးအောင်ကျော်ငြိမ်းတို့ကို အကြမ်းဖက် စသ်တပ် အကြောင်းမဲ့ ဖမ်းဆီး သွားကြောင်း သိရသည်။

ထားဝယ်မြို့တွင် ဖမ်းဆီးခံရသော ပြည်သူ ၁ ဦးကို လက်ရှိချိန်ထိ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ လောင်းလုံးမြို့၌ ဖမ်းဆီးခံရသူ ၁၂ ဦးကို လောင်းလုံးမြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article