ရန်ကုန်၊ အောက်တိုဘာ ၂၅
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် ည ၁၀ နာရီခွဲကျော်အချိန် ကျောက်တင်ကားကြီး မောင်းနှင်လာသူ ယာဉ်မောင်း မောင်စိုးကို အကြောင်းမဲ့ စစ်တပ်က ပစ်သတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ် အချိန်ခန့် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်၊ ယာဉ်မောင်း မောင်စိုး (ဘ)ဉီးဇော်ဝင်း၊ ၂၇ နှစ်၊ မြိတ်မြို့နေသူ မောင်းနှင်လာသော ကျောက်တင်ကားကြီးကို စစ်တပ်နှင့် ပြည်သူ့စစ်များက ကားအရှေ့မှ အကြောင်းမဲ့ ပစ်ခတ်ကြသဖြင့် ယာဉ်မောင်း မောင်စိုး ကားပေါ်တွင်ပင် ပွဲချင်းပြီး သေဆုံးကြောင်း သိရှိရသည်။
“ကားမရပ်ပေးလို့ ပစ်တာလည်းမဟုတ်ဘူး။ ကားလာတာကို အရှေ့က စောင့်ပြီး ပစ်တာ။ ည ၁၀ နာရီ ၃၀ ဆိုတာက ကားတော့ပါးသွားပြီ။ အဲဒါကို သက်သက်မဲ့ ပစ်တာ။ ပစ်ခံရသူကတော့ ကားပေါ်မှာ ရင်ဘတ်တည့်တည့် ကျည်ဝင်သွားပြီးတော့ ပွဲချင်းပြီးဆုံးတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- စစ်တပ်၏ အကြောင်းမဲ့ ပစ်သတ်မှုကြောင့် သေဆုံးသူ မောင်စိုး။