ရန်ကုန်၊ အောက်တိုဘာ ၂၆
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် စစ်ကောင်စီက ချီးမြှင့်သည့် စွမ်း ရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်၊ ရဲဗလတံဆိပ်ရ ဌ ရပ်ကွက် ရာအိမ်မှူး စိုးစိုးသည် ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဌရပ်ကွက် ရာအိမ်မှူးစိုးစိုးကို မြို့ပြပြောက်ကျားများက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ စစ်ကောင်စီခန့် ရာအိမ်မှူး စိုးစိုးသည် ၂၀၂၁ မတ်လအတွင်းတွင် စစ်ကောင်စီက ပေးအပ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် ရဲဗလတံဆိပ်ကို ရရှိထားသူဖြစ်ကြောင်း၊ စိုးစိုးသည် ရပ်ကွက်ရုံးသို့သွားစဉ် လမ်းတွင် ပစ်ခတ်ရှင်းလင်းခံရခြင်းဖြစ်ပြီး ထိုသို့ပစ်ခတ်ခံရချိန်တွင် စိုးစိုးသည် ကြောက်လန့်တကြားနှင့် မြောင်းထဲဆင်းပြေး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စိုးစိုးထံတွင် စစ်တပ်က ပေးအပ်ထားည့် သေနတ် ရှိနေပြီး (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးကို စောင့်ရှောက်ပေး ရန်တာဝန်ယူထားကြောင်း၊ ၎င်းကြောင့် ဖမ်းဆီးခံရသော လူငယ်အများအပြား ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
“မြောက်ဥက္ကလာရဲ့ နာမည်ကြီးဒလန်စိုးစိုး သေနတ် ၈ချက်နဲ့ပစ်ခတ်ခံရပြီး ငရဲပြည်ဆင်းသွားပါပြီ။ ၈ချက်တောင် အသက်ပြင်းတယ်ပြောရမလား။ အခု ခွေးတွေ အပြည့်ပဲ။ ခွေးတွေပြည့်နေတယ်။ စိုက်ပျိုးရေးတံတားအဆင်းကနေ ဆန္ဒလမ်းထိပ်အထိ ပိတ်ထားတယ်။ ဓာတ်ပုံကတော့လုံးဝရိုက်ဖို့မလွယ်ဘူး။ အခု စိုးစိုးသေနေတာက ဌ ရပ်ကွက် စိုက်ပျိုးရေးတံတားအဆင်း ၆ လမ်းထိပ်မှာ ဒလန်ခွေး စိုးစိုး သေနေတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်အချိန် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စုမှ နယ်ထိန်းရဲ အောင်ဝင်းထွန်း ဘီယာဆိုင်ထိုင်နေစဉ် သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
နယ်ထိန်းရဲ အောင်ဝင်းထွန်းသည် လမ်းဘေးဓာတ်ဆီဆိုင်များတွင် ကားဓာတ်ဆီထည့်တိုင်း ဆိုင်များကို ပိုက်ဆံမပေးသည့်အပြင် ဆီလုင်စင်လုပ်ရလျှင် ပိုကုန်ကျမည်ဟု ခြိမ်းခြောက် ဓာတ်ဆီး အလကား တောင်းယူလေ့ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီက ချီးမြှင့်သည့် စွမ်း ရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်၊ ရဲဗလတံဆိပ်ရ ဌ ရပ်ကွက် ရာအိမ်မှူး စိုးစိုး။