ရန်ကုန်၊ အောက်တိုဘာ ၃၁
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “ဖမ်း/ရမ်း/သတ်/ဖြတ်ညှင်းဆဲလို့ တော်လှန်ရေးရပ်သွားမည့် မျိုးဆက်မဟုတ်ဘူး။ တက်မရှိလက်နဲ့ လှော်မည့်မျိုးဆက်” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။