28 C
Yangon

တနင်္သာရီ၊ စစ်ကောင်စီခန့် အောင်ချမ်းသာရွာ အုပ် ချုပ်ရေးမှူး မျိုးအောင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောင်ကြီးဒေသ အောင်ချမ်းသာရွာ အုပ်ချုပ်ရေးမှူး မျိုးအောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၂ မိနစ်ခန့်တွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး မျိုးအောင် သည် ဆိုင်ကယ်ဖြင့် အိမ်ပြန်လာစဥ် ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။

“ကော့သောင်းခရိုင် ခမောက်ကြီးအပိုင်ထဲက အောင်ချမ်းသာရွာက စကစခန့် အုပ်ကြီးကို ၃၀ ရက်နေ့ ၁၁ နာရီ ၂၂ မိနစ်လောက်က ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)က ရှင်းလင်း သုတ်သင်ခဲ့ပါတယ်။ အုပ်ကြီး အမည်ကတော့ မျိုးအောင် (ခေါ်) နောင်မဲ ပါ။ အဲလူက ပျူစောထီး ခေါင်းဆောင် အကြီးဆုံးပါ။ အုပ်ကြီး လည်းလုပ်တယ်။ ဆိုင်ကယ်နဲ့ လာစဥ်မှာ ပစ်ခတ်လိုက်တာပါ။ သူ့တပည့်လည်း ပါတယ်။ သူ့ကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်။ သူ့တပည့်ကတော့ ဆေးရုံမှာ အရေးပေါ် လူနာအဖြစ်နဲ့ ရှိနေပါတယ်” ဟု ကော့သောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၂)မှ တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article