30 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -မြန်မာ စစ်ကောင်စီတပ်က ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု သက်သေအထောက်အထား သန်း နဲ့ ချီရှိနေတဲ့အတွက် ICC တရားရုံးကနေ အရေးယူဖို့ အချိန်တန်ပြီဖြစ်တယ်လို့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။ – ဝက်လက်မြို့နယ်ဟန်လင်းပျူမြို့ဟောင်း နဲ့ ကော့ရွာမှာ အောက်တိုဘာလ ၂၅ ရက်နေ့က စပြီး တို့ကို ဝင်ရောက် စီးနင်း တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူတွေနေထိုင်တဲ့ ကျေးရွာ တွေကို လက်နက်ကြီးနဲ့ နေ့စဥ် ပစ်ခတ် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ – နေပြည်တော်မှာ ရောက်ရှိနေတဲ့ Su-30 ရုရှား တိုက်ခိုက်ရေး လေယာဉ်တွေရဲ့ အုပ်မှူးအဖြစ် မိန်းမ ရှုပ်မှုနဲ့ ရာထူး ပြုတ်သွားခဲ့တဲ့ လေတပ် ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ရဲ့ တပည့် အရင်းဖြစ်သူ ဒုဗိုလ်မှူးကြီး – ခန့်နေသွေး ဆိုသူကို ခန့်အပ်ထားတဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article