27 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ငယ်တိုး-ကျေးရွာမှာ စစ်တပ် သတင်းပေးဒလန်ဆိုပြီး နာမည်ကြီး နေတဲ့ ညွှန့်ကို ဆိုသူကို အောက်တိုဘာလ ၃၁ ရက်နေ့က ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေကနေ သွားရောက် ဖမ်းဆီးတဲ့အချိန် ထွက်ပြေးတဲ့အတွက် ပစ်ခတ်ရှင်းလင်းရာမှာ သေသွားတယ်လို့ သိရပါတယ်။ -မန္တလေးမြို့မှာ ဒီကနေ့ နိုင်ဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းက ၇၈ လမ်း ၄၂ လမ်း ထောင့်၊ အမှတ် ၁၁ ရဲစခန်း/အနီးက အချုပ်ကားမိုင်းနဲ့ထု ခံရပြီး ၊ အချုပ်ကားမောင်းတဲ့ ရဲ ၂ ဦး အပြင် ၊ အရပ်ဝတ် ရဲ တချို့ ထိခိုက် ဒဏ်ရာ ရသွားတယ်လို့ မန္တလေးသတင်းရင်းမြစ် VOMDY ရဲ့ သတင်းဖော်ပြချက် နဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ သွားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စစ်ကြောင်းကို ဒီကနေ့ နိုင်ဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၂ ဦး သေသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article