25 C
Yangon

ရန်ကုန်၊ ဗဟန်း ၊ ဦးချစ်မောင်လမ်းရှိ စစ်တပ်၏ ဒေါက်တိုင် တေဇပိုင် AGD Bank ကို ဖောက်ခွဲတိုက်ခိုက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းရှိ အကြမ်းဖက် စစ်တပ်၏ ဒေါက်တိုင်တစ်ခုဖြစ်သော AGD Bank ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

နိုဝင်ဘာလ၄ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အျိန် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းရှိ အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ်လီမီတက်(AGD Bank)-ဦးချစ်မောင်ဘဏ်ခွဲကို ရန်ကုန်မြို့ပြပြောက်ကျား မဟာမိတ်ညီနောင်များဖြစ်သော Brave Eagles (UG)၊ Dark Shadow (UG) နှင့် K.M.D18 တို့ကနေ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဘဏ်အဆောက်အဦမျက်နှာစာအပိုင်း၊ ဘဏ်ပိုင်ကား၊ မီးစက်များ ပျက်စီးထိခိုက်မှုများရှိခဲ့ကြော်ငး ၎င်းက ပြောသည်။

AGD Bankသည် စစ်တပ်လက်အောက်ခံ ခရိုနီတေဇပိုင် Htoo Group ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီ၏ အဓိက စီးပွားရေးထောက်တိုင်တစ်ခုအဖြစ် အခိုင်မာရပ်တည်နေခြင်းကြောင်း စီးပွားရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခြင်း ပြောဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့များ တိုက်ခိုက်မှုများကို အရှိန် အဟုန်မြှင့်တင်လျက်ရှိပြီး ပြည်သူများအနေဖြင့် မြို့ပြပျောက်ကျားများကို ကူညီထောက်ပံ့ကြရန် Dark Shadow အဖွဲ့တာဝန်ရှိသူက ဆိုသည်။

“UG တွေကိုထောက်ပံ့ ပံပိုးပြီး မြို့ပြအတွက် အားစိုက်ပေးကြပါ။ UG တွေမှာ safe house တွေရယ် လက်နက်ပစ္စည်း ခက်ခဲနေပါတယ်။ UG တွေအနေနဲ့ ပြန်လည်ကြိုးစားတော်လှန်နေတာမို့ အကူညီတွေလည်းလိုအပ်နေပါတယ်။ မိဘပြည်သူများအနေနဲ့ စစ်ခွေးတွေကို အမြစ်ဖြတ်ဖို့ အကူအညီပေးကြပါလို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article