25 C
Yangon

ပုလဲ မြို့မရဲစခန်းနှင့် ဖရူဆိုရှိ စစ်တပ် ကင်းပုန်းတို့ တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ပုလဲမြို့မ ရဲစခန်းကို ကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၅ ဦးကြောင်း သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်တွင် ပုလဲမြို့နယ် ပုလဲမြို့မ ရဲစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကြောင်း သိရသည်။

အဆိုပါ ရဲစခန်းကို ယင်းမာပင်ခရိုင်၊ တပ်ရင်း-၂၈ ဓါးမဆိုင်းတပ်မတော် (D.M.S.A)နှင့် မဟာမိတ်တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်​ပြီး ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း D.M.S.A အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ကယားပြည်နယ် ဖရူဆိုမြို့ရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းများကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကြောင်း သိရသည်။

နို၀င်ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် KNDF B-04 နှင့် KA တပ်ဖွဲ့တို့ ပူးပေါင်းကာ ခမရ-၄၂၈ အကြမ်းဖက် စစ်တပ် တပ်စခန်း ကင်းပုန်းများကို စနိုက်ပါနှင့် သွားရောက်ပစ်ခတ် တိုက်ခတ်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကြောင်း KNDF B-04 မှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article