27 C
Yangon

တန့်ဆည်တွင် စစ်ကြောင်းထိုးလာသော ခလရ ၃၆၈ စစ်ကြောင်းကို လက် နက်ကြီးဖြင့် ပစ်ခတ်မှု စစ်သား ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော ခလရ(၃၆၈) စစ်ကောင်စီတပ်ကို နိုဝင်ဘာလ၇ရက်နံနက် ၈နာရီခန့်တွင် တန့်ဆည်PDFက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၅ဦးသေဆုံးခဲ့ကြောင်း PDFသတင်းရင်းမြစ်ထံမှ သိရသည်။

တန့်ဆည်မြို့နယ်၊ အင်ရေအိုးရွာမှ အင်ပင်အိုင်ရွာသို့ ထွက်ခွာလာသော အင်အား ၁၃၀ ခန့်ရှိသည့် စစ်ကြောင်းကို တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း (၆)နှင့် တပ်ရင်း(၇)ပူးပေါင်းအဖွဲ့က ၄၀ မမ လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့‌ခြင်းဖြစ်ကြောင်း ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

“အင်ရေအိုးရွာအရှေ့ဘက် ကိုက်တစ်ထောင် အကွာလောက်မှာ စစ်ခွေးအစုလိုက်ကို ၄၀မမနဲ့ လှမ်းထုတာ အတုံး အရုန်း လဲကျသွားတယ်။ အဲ့ထဲကမှ သေတဲ့ ခွေး၅ကောင်ကို တရွတ်တိုက်ဆွဲသွားတာ တွေ့လိုက်ရတယ်”ဟု ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ ခလရ(၃၆၈) စစ်ကောင်စီတပ်သည် စက်တင်ဘာလ၉ရက်နေ့ က တည်းက တန့်ဆည်မြို့နယ်သို့ ရောက်ရှိ စစ်ကြောင်းထိုးနေပြီး နယ်မြေခံ ပျူစောထီးများနှင့် ပူးပေါင်း၍ ၃လကြာသည်အထိ မရပ်မနား စစ်ကြောင်းပတ်ထိုးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တပ်မ(၃၃)လက်အောက်ခံ၊ ခလရ(၃၆၈) စစ်ကောင်စီစစ်ကြောင်းနှင့် တန့်ဆည် PDFတို့ အောက်တိုဘာလ ၁၉ရက်နေ့ ရွာသစ်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၈ဦးသေဆုံးခဲ့ကြောင်း သိရှီရသည်။

ဓာတ်ပုံ- တန့်ဆည် PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article