27 C
Yangon

စစ်ကောင်စီလေတပ်က မကြာခဏ ပျက်ကျလေ့ရှိသည့် သက်တမ်းကုန် တရုတ် A-5C တိုက်လေယာဉ်များကို ထုတ်သုံးပြီး ဗုံးကျဲ၊ စစ်ဆင်ရေးအတွက် လေတပ်အင်အားအပြည့် ပြန်သုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

အကြမ်းဖက်စစ်ကောင်စီလေတပ်က မကြာခဏ ပျက်ကျလေ့ရှိသည့် သက် တမ်း ကုန် A-5C တိုက်လေယာဉ်များကိုပါ လက်ရှိ စစ်ဆင်ရေးများတွင် ထုတ်သုံးလာနေပြီး ဗုံးကျဲမှုများလုပ်ဆောင်နေကြောင်း လေတပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

တရုတ်နိုင်ငံထုတ် Nanchang A-5C Fantan များသည် မကြာခဏ ပျက်ကျလေ့ရှိခြင်း၊ ဆီစားနှုန်းမြင့်မားခြင်း၊ ပြုပြင်ရန် ပစ္စည်းရှားပါးခြင်းတို့ကြောင့် အသုံး မပြုဘဲ ထားနေရာမှ ယခုရက်ပိုင်းအတွင်း ပြန်လည် အသုံးပြု ဗုံးကျဲလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

“စစ်ဆင်ရေးအတွက် လေတပ်အင်အားအပြည့် ပြန်သုံးတာမျိုးပါ။ A-5 က မသုံးဘဲ ထားထားတာကြာပြီ။ ပျက်ကျတာတွေနဲ့ ဆီစားနှုန်းများလို့။ သက်တမ်းလည်းကုန်နေပြီ။ ခေတ်လည်း မမီတော့ဘူး။ ဒါပေမယ့် အခုတော့ အင်အားပြည့် ပြန်သုံးနေတယ်” ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။

တံတားဦးလေဆိပ်တွင် A-5 တိုက်လေယာဉ် ၄ စီးရှိပြီး အမှတ် ၆၄ တိုက် လေယာဉ်အုပ် အုပ်မှူး ဒုတိယဗိုလ်မှူးကြီး ရဲဦးက ဦးဆောင်ပျံသန်းကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရုတ်A-5 တိုက်လေယာဉ်စီးရေ ၃၀ ကျော်ကျန်ရှိနေသေးကြောင်း သိရှိရသည်။

“A5 တွေက အစီးရေ များတယ်။ တစ်နိုင်ငံလုံးဆိုရင် အစီးရေ ၃၀ ကျော်တယ်။ တံတားဦးမှာတော့ ၄စီးပဲ ရှိတော့တာ။ Nanchang A-5C Fantan တွေက သက်တမ်းကုန်နေတာကို စစ်ဆင်ရေး တက်ခိုင်းတာ”ဟု ရန်ကုန်ခေတ်သစ်၏‌ လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လက်ရှိ စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲဝင်နေသော အင်အားစုများကို လေယာဉ်ဖြင့် ဗုံးကျဲရန် ထိုးစစ်ဆင်ခြင်း မဟာ ဗျူဟာကိုပြောင်းလဲ ကျင့်သုံးနေပြီး လေတပ်ကို လူကုန် လေယာဉ်အကုန် အင်အားပြည့် အသုံးပြုရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတုင်း၊ ရေမျက်ကြီးအင်းတွင် တရုတ်ထုတ် Nanchang A-5C Fantan စစ် တိုက်လေယာဉ်ပျက်ကျခဲ့ပြီး လေယာဉ်မှူးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

တရုတ်ထုတ်Nanchang A-5C Fantan တိုက်လေယာဉ်များသည် ၁၉၇၀ ခုနှစ်ဝန်းကျင်တွင် ထုတ်လုပ်ခဲ့သော တိုက် လေယာဉ်အမျိုးအစားများဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်တွင် အသုံးပြုနေသော တရုတ်ထုတ် Nanchang A-5C Fantan တိုက်လေယာဉ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article