27 C
Yangon

ကျိုက်ထိုမြို့ သိမ်ဇရပ်မြို့ ရဲစခန်း ၄၀ မမ ဖြင့် ပစ်ခတ်ခံရပြီး ရဲလိုင်းခန်း မီးလောင် ၊ ဘီးလင်း သံတံတားလုံခြုံရေး ဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ရဲစခန်းကို နိုဝင်ဘာ ၇ ရက်နေ့ (တန်ဆောင်မုန်းလပြည့်) ညနေ ၆ နာရီခွဲ အချိန်တွင် ၄၀ မမ ဖြင့် ပစ်ခတ်ခံရပြီး စခန်းအတွင်း ရဲလိုင်းခန်းမီးလောင်သွားကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

“လူတွေက တန်ဆောင်တိုင်ည ဆိုတော့ ဗျောက်အိုးဖောက်တယ်ပဲ ထင်နေတာ ။ နောက်မှ သေနတ်သံတွေ ဆက်တိုက်ထွက်လာတော့ လမ်းပေါ်မှာ ရှိတဲ့ လူတွေ အိမ်ထဲ ပြေးဝင်ကြရတာပေါ့။ စခန်းထဲက မီးတောက်ကို‌ တွေ့နေရတယ်လေ။ လိုင်းခန်းမီးလောင်သွားတယ်” ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

ရဲစခန်းကို ၄၀ မမ နှစ်လုံးဆက်တိုက်ပစ်ခတ်ခံရခြင်းဖြစ်ပြီး စခန်းအတွင်း သေနတ်သံများလည်း ကြားရပြီး နောက်ထပ်လည်း ၄၀ မမ နှစ်ချက် ထပ်မံ ပစ်ခံရကြောင်း၊ သိမ်ဇရပ်ရှိ စစ်ကောင်စီဝင်များ၏ လက်နက်ကြီးထိုင်ထားသည့်နေရာမှ လက်နက်ကြီးသံများ ဆက်တိုက်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“သေတာ သတင်းမသိရသေးဘူ။ ညဘက်ဆိုတော့ နောက်ပြီး သူတို့က တစ်ခုခုဆို လူနာရော အလောင်းရော ရှိလာရင် တပ်ထဲပဲ ခေါ်သွားတယ်” ဟု Kyaikhto Information Team က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ထို့ပြင် နိုဝင်ဘာ ၇ ရက်နေ့ ည ၁၀ နာရိ ၈ မိနစ် အချိန်တွင်လည်း ကျိုက်ထိုနှင့် ဘီးလင်းအစပ် စစ်ကောင်စီတပ် တပ်စွဲထားသည့် သံတံတားဂိတ်တွင်လည်း ၄၀ မမ ဖြင့် ပစ်ခတ်ခံရကြောင်း၊ ပစ်ခတ်သံအပြီး ၁၅ မိနစ်ခန့် အပြန် အလှန် တိုက်ပွဲငယ်ပုံစံ ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၆၀ မမ၊ ၈၀ မမ ၊ ၁၂၀ မမ တို့ဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့၍ အဓိဌာန်တောင် နားသို့ လက်နက်ကြီးကျည်ဆန်အချို့ ကျရောက်သွားခဲ့ကြောင်း Kyaikhto Information Teamက ပြောသည်။

“သံတံတားဂိတ်မှာ ပစ်နေကြတာ ကြောက်စရာကြီး၊ မြေတွေပါ တုန်တယ်။ ပထမ နှစ်ချက်က ကိုယ့်ဘက်က ပစ်တာ ဖြစ်မယ်။ နှစ်ချက်ကြားပြီး လက် နက်ငယ်တွေ ဆက်တိုက်ပစ်တာ ၁၅ မိနစ်လောက် ကြာမယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ဓာတ်ပုံ- သိမ်ဖြူဇရပ်နယ်မြေရဲစခန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article