30.5 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၈ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – အကြမ်းဖက်စစ်ကောင်စီက သူ့လက်အောက်က ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ရုရှားနိုင်ငံ ပညာတော် သင်စေလွှတ်ဖို့အတွက် လျှောက်ထားနိုင်တယ်ဆိုပြီး ညွှန်ကြားလာပြန်ပါတယ်။ -စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာမှာ နိုဝင်ဘာလ ၇ ရက်နေ့ ဖြစ်တဲ့ ညပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး သွား ခဲ့ပြီး ၊ အဘွားအို ၁ ဦးနဲ့ ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဝက်လက်မြို့- ဒေသသတင်းရင်းမြစ် နဲ့ ဒေသခံတွေက ပြောပါတယ်။ – စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ (၃၆၈) တပ်ကို နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းက တန့်ဆည်PDF ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် ရာမှာ စစ်ကောင်စီဘက်က ၅ ဦးသေသွားပြီး ၊ မသာအလောင်းတွေကို တရွတ်တိုက်ဆွဲသွားတဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article