26 C
Yangon

CNF ၏ ဌာနချုပ် ဗစ်တိုရီးယားစခန်းကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မည့် လျှို့ ဝှက်စာရွက်စာတမ်းများထွက်ပေါ် ၊ ဟားခါးမြို့အနီးတွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဌာနချုပ် ဗစ်တိုးရီးယားစခန်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချဲနိုင်သည့် မြေပုံပြအမှတ်အသားများ ပါဝင်သည့် လျှို့ဝှက်စာရွက်စာတမ်းများ ပေါက်ကြားလာကြောင်း ချင်းအမျိုးသားလူ့အခွင့်အရေးအဖွဲ့ CHRO က သတင်းထုတ်ပြန်ထားသည်။

CHRO ၏ အဆိုအရ လျှို့ဝှက်စာတမ်းများတွင် ချင်းအမျိုးသားတပ်ဦးCNF စခန်းများကို ပစ်မှတ်များအဖြစ် ဖော်ပြထားကြောင်း ၊ ယမန်နေ့ကလည်း ချင်းပြည်နယ်၏ မြို့တော် အပြင်ဘက်ကို လေ ကြောင်းတိုက်ခိုက်မှုများလုပ်ဆောင် ကြောင်း သိရှိရသည်။

ချင်းအမျိုးသားတပ်ဦး CNF သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်အတူ စစ်အာဏာရှင်ကို တိုက်ပွဲဝင် တိုက်ခိုက်ရန် ပထမဆုံး ပူးပေါင်း ခဲ့သည့် တိုင်း ရင်းသား လက်နက်ကိုင်တပ်တစ်ခုဖြစ်သည့်အပြင် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ခေါင်းဆောင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီး တာဝန်ယူထားသည်။

နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ချင်းပြည်နယ်၊ ဟားခါးမြို့အနီး သီးမြစ်ချောင်းတဝိုက်တွင် စစ်ကောင်စီ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံး ၃ ကြိမ်ကျဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

“ဟားခါးနဲ့ ထန်တလန်ကြားမှာ သူတို့တပ်ဖွဲ့တွေ ပိတ်မိတာ။ အထိနာတာဖြစ်ရင် လေယာဉ်နဲ့ ဗုံးကျဲလိုက်၊ ရဟတ် ယာဉ်နဲ့လာပစ်လိုက်က မကြာခဏ လုပ်နေတာပဲ။ မနေ့က ဗုံးကျဲတာတော့ အခုထက်ထိ ထိခိုက်မှုသတင်း မကြားရသေး တော့ အားလုံးဘေးကင်းတယ်လို့ ယူဆပါတယ်” ဟု ချင်းဒေသကာကွယ်ရေးသတင်းရင်းမြစ်ကပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article