22.2 C
Yangon

တန့်ဆည်တွင် အင်အား ၂၀၀ ကျော်ပါသည့် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး စစ်သား ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၈ ရက်နေ့ နေ့လယ် ၂နာရီခန့်တွင် တန့်ဆည်ပကဖက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ဦးသေဆုံးခဲ့ကြောင်း တန့်ဆည်ပကဖက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အင်အား၂၀၀ကျော် ပါသည့် ခမရ၃၆၁နှင့် ခမရ၃၆၉ စစ်ကောင်စီစစ်ကြောင်းကို တန့်ဆည်မြို့နယ် ပေါင်ဂဒေါင်ချောင်း ရေငုပ်ပြွန်မှ အောင်စွာရွာဘက်သို့ အကူးတွင် တန့်ဆည်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ)က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင်လည်း စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော ခလရ(၃၆၈) စစ်ကောင်စီတပ်ကို တန့်ဆည်PDFက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၅ ဦးသေဆုံးခဲ့သည်။

တန့်ဆည်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်တပ်နှင့် PDF တပ်များ၏ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိကျဆုံးမှု တချို့ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- တန့်ဆည် PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article