30.5 C
Yangon

ဧရာ၀တီတိုင်းတွင် မင်းအောင်လှိုင် ခိုင်းစေချက်အရ နေကြာ မဖြစ်မနေ စိုက်ပျိုးရမည်ဟု အမိန့်ထုတ်၊ အာဏာနှင့်ရာထူး အနေကြာစေရေး နေကြာစိုက်သည့် ယတြာဟု ရှုမြင်၍ တောင်သူများက မစိုက်လိုကြ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၉

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားခိုင်းစေချက်အရ ဧရာ၀တီတိုင်းတွင် တောင်သူ လယ် သမားများအနေဖြင့် နေကြာ သီးနှံများ မဖြစ်မနေ စိုက်ပျိုးရမည်ဖြစ်ပြီး မစိုက်ပျိုးလျှင် လယ်မြေများ သိမ်း ဆည်းခံရမည်ဖြစ်သည့်အပြင် အရေးယူခံရမည်ဟု ခြိမ်းခြောက်လာကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဧရာဝတီ တိုင်းမှာ ပဲစိုက်ရာသီမှာ နေကြာ မဖြစ်မနေ ထည့်စိုက်ခိုင်းလို့ထည့်စိုက်ဖို့ လုပ်နေကြရပါတယ်။အ ရင်ကတည်းက နေကြာစိုက်ခဲ့ဖူးတယ်။ ပြီးတော့ အဆင်မပြေကြလို့ မစိုက်ကြတော့တာ ကြာလှနေပါပြီ။ စိုက်ခိုင်းတဲ့ ရည်ရွယ်ချက်က ပြည်တွင်း စားသုံးဆီ လိုအပ်ချက်ကို ဖြည့်နိုင်ဖို့ဆိုတာထက် ယတြာ ဖြစ်ဖို့များပါတယ်” ဟု ဧရာ၀တီတိုင်းစိုက်ပျိုးရေးဌာနမှ သတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှုးများကို ဆင့်ခေါ်ပြီး နေကြာ မဖြစ်မနေ စိုက်ပျိုးကြရေး တောင် သူများကို အသိပေး၊ ဖိအားပေးရန် ပြောဆိုကြောင်း၊ နေကြာကို စီမံချက်ဖြင့် စိုက်ပျိုးရာတွင် နေကြာ မျိုးစေ့ကို ၁ဧကလျှင် ၂၅၀၀၀ ကျပ်ဖြင့် မျိုးစေ့ဝယ်ယူရမည်ဖြစ်ကြောင်း သိရှိရသည်။

“လက်ရှိ ကိုင်းတောင်သူတွေကလည်း ဆောင်းသီနှံတွေ စိုက်ပျိုးပြီးစီးကုန်ပြီ ဖြစ်တဲ့အတွက် နေကြာ မဖြစ်မနေစိုက်ဖို့အတင်းအကျပ်ဖိအားပေးလာရင် ပဋိပက္ခ ဖြစ်လာနိုင်ပါတယ်။ မျိုးစေ့ကိုလည်း စိုက်တဲ့တောင်သူကပဲ အကုန် အကျ ခံ စရိတ်ခံပြီး စိုက်ခိုင်းတယ်။ အချိန်တန်ရင် ဘယ်စျေးနဲ့ ပြန်သိမ်းမယ်လို့လည်း အာမခံချက်မပေးဘူး။ တောင် သူတွေကလည်း စိုက်ဖို့ကို စိတ်မဝင်စားကြပါဘူး။ ရှုံးဖို့သေချာနေလို့ပါ။ လက်ရှိစိုက်နေတဲ့ သီးနှံကစျေးကောင်းရ တဲ့သီးနှံအမျိုးအစား ငြုတ်ခင်း၊ ဂျပန်ပဲယင်းနီ ၊ ဂျပန်ပဲတီစိမ်းနီ၊ ပဲပုပ်တို့ကိုအားထားစိုက်ပျိုးထားတာပါ။ အဲဒီလို ပဲမျိုး တွေက အချိန်တန်ပေါက်စျေး ပဲယင်းဆိုရင် ၁ တင်းကို ၇၀၀၀၀ ကျပ်ဝန်းကျင်။ ပဲဒီစိမ်းနီဆို ၁ သိန်းဝန်းကျင်နဲ့ရောင်း ရတဲ့သီးနှံတွေပါ။ နေကြာစိုက်ရင် ကျနော်တို့ ဝင်ငွေတင်မဟုတ်ဘူး စီးပွားရေးတစ်ခုလုံးထိခိုက်မှာပါ” ဟု တောင် သူတစ်ဦးက ပြောသည်။

နေကြာမစိုက်ပျိုးလျှင် လယ်မြေများသိမ်းဆည်းမည်ဟု ခြိမ်းခြောက်မှုများရှိနေရာ တောင်သူများက စစ်တပ်၏ ဖိအားကို စိတ်ညစ်နေကြသည်ဟု သိရှိရသည်။

“စိုက်ပျိုးလို ခြင်းမရှိတဲ့ တောင်သူတွေကို နိုင်ငံတော် စီမံကိန်းသီးနှံ နေကြာ မစိုက်ပျိုးရင် လယ်မြေပိုင်ဆိုင်ခွင့်အထောက် အထားဆုံး ရှုံးနိုင်တယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုနေပါတယ်။ မအလ က အာဏာသိမ်း ကာလ ကြာစေဖို့ အနေကြာစေဖို့ နေကြာ စိုက်ခိုင်းနေတယ်လို့ ထင်မြင်လို့ တောင်သူ လယ် သမားတွေက စိုက်ပျိုးလို ခြင်းမရှိပါဘူး။ နေကြာကို သီးညှပ် စိုက်ပျိုးခြင်းနဲ့ သီးသန့်စိုက်ပျိုးရခြင်း နှစ်မျိုး နဲ့ စိုက်ရမယ်လို့ အမိန့်ပေးပါတယ်။ စိုက်ပျိုးရေး မြေစာရင်းဌာနအဖွဲ့တွေကလည်း လယ်ဧက အလိုက် နေကြာစိုက်ဧကတွေ ခွဲဝေတွက်ချက် ပြီး စာရင်းများပြုစုတာတွေ လုပ်နေကြတယ်။ ကျနော်တို့တော့ မအလ အာဏာရူးတာနဲ့ ဒုက္ခရောက်နေရပါတယ်” ဟု ဟင်္သာတမြို့နယ်မှ တောင်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article