ရန်ကုန်၊ နိုဝင်ဘာ ၉
အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ နိုဝင်ဘာ ၉ ရက်နံနက်၌ မှော်လှည့်သပိတ်စစ်ကြောင်းက ချီတက်ဆန္ဒပြကြသည်။
‘ဖားကန့် အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ’ ‘ငါတို့ ဘယ်တော့မှ မကြောက်ဘူး ဖားကန့်သားတွေ’ စသည့် ဘန်နာများကိုင်ဆောင်ကာ စစ်အာဏာရှင် ဖြုတ်ချရေး ကြွေးကြော်ဆန္ဒပြကြသည်။