30 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးစားနေတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ဆက်လက်အားပေးထောက်ခံသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့်အဖြစ် မနေ့ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ – မြန်မာအကြမ်းဖက်စစ်ကောင်စီက ဝန်ကြီး၊ တရားသူကြီးချုပ် အပါအဝင် အရပ်ဘက် ၈ ဦး၊ လေတပ် ဦးစီးချုပ် အပါ အဝင် စစ်ဘက် ၈ ဦး၊ စစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးသမား ၃ ဦး စုစုပေါင်း ၁၉ ဦးကို EU က စီးပွားရေးပိတ်ဆို့လိုက်တယ်လို့ နိုဝင်ဘာလ ၈ ရက်နေ့မှာ တရားဝင်သတင်းထုတ်ပြန်ပါတယ်။ – ထိုင်းနိုင်ငံ ရနောင်းခရိုင်မှာ ပန်းရောင်ကတ်ခေါ် ယာယီနေထိုင်အလုပ်လုပ်ခွင့်ကတ် ပြုလုပ်ပေးမယ်လို့ဆိုပြီး ပွဲစားတစ်ဦးက မြန်မာအလုပ်သမား ၁၀၀ ကျော်ဆီကနေ ငွေကြေးလိမ်လည်ယူဆောင်ပြီး ထွက်ပြေးသွား တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article