23 C
Yangon

KNU တပ်မဟာ ၅ နယ်မြေရှိ ခရစ်ယန်ဘုရှားရှိခိုးကျောင်း၊ စာသင်ကျောင်း၊ ပြည်သူများ နေထိုင်သော အိမ်များကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၉

ကရင်ပြည်နယ်၊ ဖာပွန်မြို့ ၊ KNU တပ်မဟာ ၅ နယ်မြေ ရှိ ခရစ်ယန်ဘုရားရှိခိုးကျောင်း၊ အခြေခံပညာမူလတန်းစာသင်ကျောင်းနှင့် ပြည်သူများနေထိုင်သော နေရာများကို စစ်တပ်က ယနေ့ နံနက်အစောပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁ နာရီအချိန် ကေအဲန်ယူ−ကရင်အမျိုးသားအစည်း အရုံး ကော်သူးလေအုပ်ချုပ်နယ် မြေ၊ မူတြော်ခရိုင်၊ လူသောမြို့နယ် စော်မူပလောကျေးရွာအုပ်စု၊ တာဘော ကော်ဒဲကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ခရစ္စယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်း နှင့် မူလတန်းကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးသွားကြောင်း၊ ဘုရားကျောင်း အနီးပတ် ဝန်းကျင်တွင်နေထိုင်သော အိမ်များလည်း ထိခိုက်မှုရှိပြီး ဆက်လက်စိစစ်နေဆဲဖြစ်ကြောင်း KNU က တရားဝင်သတင်းထုတ်ပြန်ထားသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိ အခြေအနေကို KNU က သတင်းထုတ်ပြန်ဖော်ပြထားခြင်းမရှိပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article