27.4 C
Yangon

လောင်းရှည်ဒေသ၊ နတ်ကောင်းကျင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၂၇

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသ နတ်ကောင်းကျင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၂၇ ရက် ညနေ ၅ နာရီ ၁၇ မိနစ်နှင့် ၅ နာရီ ၂၁ မိနစ်တို့တွင် ဆောမြို့နယ်၊ လောင်းရှည် ဒေသ၊ နတ်ကောင်းကျင်းကျေးရွာကို စစ်ကောင်စီ၏ နေပြည်တော် ဧလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ် ဗုံး ကျဲတိုက်ခိုက်ခဲ့ရာ အသက် ၉ နှစ်အရွယ် ကလေး ငယ်တစ်ဦး အပါ အဝင်ပြည်သူ ၃ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကာ ဆီပေပါများလည်း မီးလောင် ပျက်စီးခဲ့ကြောင်း၊ ထိခိုက်ဆုံးရှုံးမှုအသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ဘာတိုက်ပွဲမှလည်းမရှိဘူး။ ဘယ်တော်လှန်ရေးတပ်ဖွဲ့မှလည်း မရှိပါဘူး။ ဒီအတိုင်း တမင်သက် သက်ကြီး ကျဲသွားတာပါ။ သေတဲ့အထဲမှာက အသက် ၉ အရွယ် ကလေးတစ်ဦးပါတယ်၊ ထိခိုက်ဒဏ် ရာရတဲ့ အထဲမှာက အသက်ကြီးပိုင်းတွေများတယ်။ ဆီပေပါတွေပါရှိလို့ မီးလောင် ကုန်တယ်လို့ ပြော တယ်။ ထိခိုက်သေဆုံး၊ ပျက်စီးမှုအသေးစိတ်ကတော့ မသိရသေးဘူး” ဟု ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ နတ်ကောင်းကျင်းကျေးရွာသည် ဆောမြို့နယ်နှင့် ကန်ပက်လက်မြို့နယ်အစပ်တွင် တည်ရှိ သော်လည်း လက်ရှိတိုက်ပွဲဖြစ်ပွားရာနေရာနှင့် အလှမ်းကွားဝေးသောနေရာတွင်ရှိကြောင်း၊ စစ် ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၉ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦး အ ပါအဝင် အသက် ၈၅ နှစ်အရွယ်အထိရှိသော ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

စစ်ကောင်စီတပ်သည် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသော အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာ များ၊ မြို့များ၊ ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ စစ်ဘေးရှောင်စခန်းများ၊ ဘုန်းကြီး ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ သတိပေးချက် များ၊ နည်းလမ်းများကို လိုက်နာပေးကြပါရန်တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article