26 C
Yangon

ရွှေဘိုနှင့် မြောင်တွင် စစ်တပ် ကင်းပုန်းများ၊ တပ်နေရာများ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး၊ ဒီမော့ဆိုတွင်လည်း စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်သား ၁ ဦးသေဆုံး

Must read

ရွှေဘိုနှင့် မြောင်တွင် စစ်တပ် ကင်းပုန်းများ၊ တပ်နေရာများ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး၊ ဒီမော့ဆိုတွင်လည်း စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့နယ်ခွဲတွင် ကင်းပုန်းဝပ်နေသည့် ပျူစောထီးများ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးကြောင်း နတ်တောင်နဂါး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ကျောက်မြောင်း မြို့နယ်ခွဲ မခေါက်ပျူရွာမှ စစ်သားနှင့် ပျူစောထီးများ ကင်းပုန်းဝပ်နေစဥ် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး မခေါက်ရွာမှ ပျူစောထီးခေါင်းဆောင် တင်မိုးအောင် ပွဲချင်းပြီးသေဆုံးခဲ့ကာ စစ်သားနှင့် ပျူစောထီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နတ်တောင်နဂါး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် နတ်တောင်နဂါး တပ်ခွဲ ( 2. ) ဇာမဏီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်များမှ ပူးပေါင်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဖောက်ခွဲ တိုက်ခိုက်ပြီးနောက် အကြမ်း ဖက် စစ်တက်ဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များ ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်မှ စစ်သားများ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၉ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်တွင်မြောင်မြို့ မြို့သစ် ရပ်ကွက်တွင် မူးရစ်ရမ်းကားပြီး ရမ်းသမ်း ပစ်ခတ်နေသည့် အကြမ်းဖက် စစ်တပ်ကို Zamani ကာကွယ်ရေး တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” အဲ့ဒီ တိုက်ခိုက်မှုမှာ စစ်သား ၁ ဦးသေပြီး ၂ ဦး ဒဏ်ရာရတယ်။ ညီနောင် မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ ဒေါင်းညီနောင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ကျဆုံးသွားတဲ့ ရဲဘော် ၃ ဦးအတွက် သွေးကြွေးဆပ်တဲ့အနေနဲ့ တိုက်ခဲ့တာ ဖြစ်တယ်” ဟု စစ်ကိုင်းခရိုင် တပ်ရင်း(၁) တပ်ခွဲ (၂) Zamani Revolution Force/MMU Myaung မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၈ ရက်နေ့ကလည်း မြောင်မြို့ပေါ်ရှိ မြို့နယ် ထွေအုပ်ရုံးကို စစ်ကိုင်းခရိုင် တပ်ရင်း (၁) တပ်ခွဲ ၂ Zamani Revolution Force MMU Myaungနှင့် Nway Oo Takhon ခွန် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့မှ ပါဆယ်ထုပ်အဝေးထိန်းမိုင်းနှင့် Drone ဖြင့် အီနာဂါ ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကြောင်းKNDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နို၀င်ဘာ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄ မိနစ်ခန့်တွင် သေးဆူးလဲရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၅ က စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- KNDF တပ်သားတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article