30 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်း-ရဲစခန်းမှာ တာဝန်ကျနေတဲ့ တပ်မ ၃၃ က တပ်သားလွမ်းကိုကို ဆိုသူကို PDF တပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့ PDF တပ်ဖွဲ့ရဲ့ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ -ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်းကို နိုဝင်ဘာလ ၉ ရက်နေ့မှာ KNLA နဲ့ PDF ပူးပေါင်း/တပ်တွေက ပစ်ခတ် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ၊ အဲ့ဒီ့မှာ စစ်ကောင်စီ ဘက်က တပ်သား ၁ ဦးကိုပါ အရှင် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ – ရှမ်းပြည်နယ် ၊ နမ့်ခမ်း – မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီ တပ်နဲ့ KIA တပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၅ ဦးသေသွားတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ – ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၅၅၀) တပ်ရင်းက ဒီကနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက စပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေမှုကြောင့် မြို့မဈေးကို ပိတ် လိုက်ပြီး ၊ မြို့ခံတွေ နဲ့ အနီးအနားမှာရှိတဲ့ ဒေသခံတွေ စိုးရိမ်မှု မြင့်တက်နေတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article