25.5 C
Yangon

ဆားလင်းကြီးတွင် မြန်မာဘီယာ အပါအဝင် စစ်တပ်ထုတ်ကုန် ရောင်းချနေသူကို PDF က ဖမ်းဆီး အရေးယူ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ဘီယာများအပါအဝင် စစ်တပ်ထုတ်ကုန်များ ရောင်းချနေသူများကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကုန်စုံဆိုင်များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့က ဝင်ရောက် စစ်ဆေးခဲ့ပြီး စစ်တပ် ထုတ်ကုန်များဖြစ်သည့် Dragon၊ Mandalay Rum၊ Myanmar Beer၊ Andama Gold၊ Mytel sim card၊ Mytel billနှင့် အခြားသော စစ်တပ် ထုတ်ကုန်များ တင်သွင်း ရောင်းချနေသူများကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ စစ်ဆေးမှု ပြုလုပ်ပြီး ဝင်ရောက် ဖမ်းဆီးခဲ့သော ကုန်စုံဆိုင်သည် အကြမ်း ဖက် စစ်ကောင်စီတပ်နှင့် ဆက်နွယ်သည့် ထုတ်ကုန်များ တင်သွင်းရောင်းချနေသည့် စစ်ကောင်စီထောက်တိုင် ကုန်စုံဆိုင်ဖြစ်ကြောင်း၊ အကြိမ်ကြိမ် သတိပေးမှုများ လုပ်ဆောင်ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်ရောင်းချနေသောကြောင့် ဝင်ရောက် ဖမ်းဆီးခဲ့ရာ အကြမ်းဖက် စစ်တပ် ထုတ်ကုန်ပစ္စည်း အများပြားနှင့် အတူ လေသေနတ် ၁ လက်ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း Chindwin Galone Yarzar Guerrilla Defense Force က ထုတ်ပြန်ထားသည်။

စစ်တပ် ထုတ်ကုန်များ ရောင်းချမှု ရှိမရှိ စစ်ဆေးမှုကို Chindwin Galone Yarzar Guerrilla Defense Force၊ Triple Two Task Forceနှင့် Monywa Trust Of Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article