30 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -ရခိုင်ပြည်နယ်မှာ သက်ကြီးပိုင်းတွေအပါအဝင် ပြည်သူတွေကို သတ်ဖြတ်နေတဲ့ ပုဏ္ဏားကျွန်းက ခမရ ၅၅၀ အပါအဝင် စစ်ကောင်စီတပ်ကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေတုံ့ပြန်မယ်လို့ AA က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ – မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းတွေဟာ ကပ်ဘေးဆိုးကြီး တစ်ခု အဖြစ် ဆင်းသက်နေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အာဆီယံ ထိပ်သီးအစည်းအဝေးမှာ သတိပေး ပြောဆိုလိုက်ပါတယ်။ – မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို သတ်မှတ်အချိန်အတွင်း အကောင် အထည်ဖော်ရမယ်လို့ အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးက မနေ့က ဆုံးဖြတ်လိုက်ပြီး နယ်ပယ်အားလုံးက သက်ဆိုင်သူတွေနဲ့ မကြာမီ အာဆီယံက ထိတွေ့ဆက်ဆံမှာဖြစ်တယ်လို့ တရားဝင် ကြေညာချက်ထုတ်ပြန်ပါတယ်။ – စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တန့်ဆည်PDF ပူးပေါင်းတပ်တို့ နိုဝင်ဘာလ၁၁ရက် တစ်ရက်အတွင်းမှာ ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၆ ဦးထက်မနည်း သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article