ရန်ကုန်၊ နိုဝင်ဘာ ၁၂
မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို ဗကသ ရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာ ဆရာများ သမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီ (BEGSC-MYAING)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံ ပြည်သူလူထုတို့ ပူးပေါင်းကာ “သူရဲကောင်းဝါဒဆန့်ကျင်ကြ တော်လှန်ရေးကိုဆုံးခန်းတိုင်ဆင်နွှဲကြ”၊ “ကယ်တင်ရှင်ဘယ်သောအခါမှမရှိ”၊ “ရန်သူကရန်ငါပြတ်သလို ငါတို့လည်းကောက်ရိုးမီးမဟုတ်ကြောင်း သက်သေပြဖို့လိုတယ်” စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။